Ducati မှ 2021 New XDiavel နှင့် New Ducati Scrambler ဗားရှင်းအသစ် များစတင်မိတ်ဆက်ခဲ့

0

Full article

Ducati 2021 range အသစ်ကတော့ Ducati World Premier,second episode တွင် XDiavel နှင့် Ducati Scrambler ကို စတင်ပုံဖော်မိတ်ဆက်ခဲ့သည်။ အမျိုးအစားနှစ်ခုကွာခြားသော်လည်း သီးသီးသန့်သန့်ဖြစ်ခြင်း၊ ကွဲပြားခြားနားခြင်း၊ အများနဲ့မတူ တမူထူးခြားတဲ့ အရည်အသွေးကိုယ်စီကို မြင်ရမည်ဖြစ်သည်။

2021အတွက်  Ducati မှ XDiavel range ကိုအသစ်ပြန်လည်ဆန်းသစ်ပြီး XDiavel Dark နှင့်  XDiavel Black Star ဟုမိတ်ဆက်ခဲ့သည်။ XDiavel model အားလုံးမှာ Euro5, မြင်းကောင်ရေ 8hp, maximum power 0.2 kgm နှင့် အကွေ့အကောက်လမ်းများတွင် သာယာပျော့ပြောင်းစွာ မောင်းနှင်နိုင်မည့် torque values တို့ပါဝင်လာသည်။

XDiavel Dark ကတော့ Ducati cruiser အသွင်ကိုလှပစွာ ပုံဖော်ထားပြီး အနက်ရောင်ရင့်ရင့် matt black နဲ့လိုက်ဖက်ညီသည်။ XDiavel Dark မှာတော့ အနက်ရောင်က ဆွဲဆောင်မှုရှိသလို plates,finishes ကဲ့သို့သော mechanical components တွေထပ်တိုးလာသလို Ducati ၏ Reduce to the Max ဆိုတဲ့ ဒီဇိုင်းနည်းလမ်းတွေနဲ့လိုက်လျောညီထွေရှိတာကိုမြင်ရမည်ဖြစ်သလို The Xdiavel Dark မှာ XDaivel world သို့စတင်ရာဖြစ်သလို သန့်ရှင်းတောင်ပြောင်မှု မရှိမဖြစ်အဖော်မွန်ကောင်းတစ်ဦးလို ဆွဲဆောင်မှုအပြည့်မြင်ရမည်ဖြစ်သည်။

The new XDivel Black Star version တွင် Ducati cruiser ၏တက်ကြွဖျတ်လတ်သည့် sporty side ကိုဦးစားပေးထားသလို sports cars များတွင်သာတွေ့ရသည့် equipment များဖြင့် မွမ်းမံထားသည်ကို တွေ့ရပါသည်။ matt grey၊ အနက်ရောင်နှင့်အနီရောင်တို့လိုက်ဖက်ညီစွာ အရောင်စပ်မှုကလည်း အသက်ဝင်လှပနေပါသည်။ အရောင်များ ရောစပ်ဖြတ်တောက်ထားမှုသည် X family ကို သိသာစွာ ပေါ်လွင် ထင်ရှားစေသည်။ မော်တော်ဆိုင်ကယ်တွင် အနီရောင်အင်ဂျင်ကာဗာမှာ 100% Ducati Soul အသွင် ဖော်ပြနေသလို ထိုင်ခုံတွင် အသုံးပြုထားသည့် အထည်အသားကအစ brand ၏ ထူးခြားဆန်းပြားသည့် အသွင်ကို အမှတ်ရစေပါသည်။

Ducati Scrmbler 1100 Dark PRO ကတော့ 1100 range တွင် entry-level model ဖြစ်ပြီး Dark Stealth colour ဖြစ်ကာ round mirrors များနှင့် သဘာဝအလူမီနီယံ finishes များလည်း ပါဝင်လာသလို 2021 အတွက် တီထွင်ဖန်တီးမှု အသစ်များကိုလည်း ပေါင်းစပ် ဖန်တီးထားပါသည်။

“Land of Joy” 800 range ကလည်း Ducati Scrambler Nightshift model ဖြင့်ချဲ့ထွင်လာပြီး Sparkling Blue ရဲ့လှပစွာအသက်ဝင်နေသောအရောင်၊ off-road details မောင်းနှင်နိုင်စွမ်းတို့အပြင် Ducati Scrambler Icon ရဲ့ အရောင်သစ်အတွဲအစပ်ကိုပါမြင်ရမည်ဖြစ်သည်။

The Ducati Scrambler Nightshift သည် metropolitan world ကိုဆန်းသစ်ထားသည့် ထင်ရှားသည့်အသွင်နှင့် မရှိမဖြစ် ဆိုင်ကယ်တစ်စီးအသွင်ကို ဖန်တီးထားတာဖြစ်သည်။ classic lines များနှင့် ညအခါတောက်ပပြီး အရောင်စိုသည့် အနက်ရောင်၊ ဖြောင့်ဆင်းပြီး သေးသွယ်သည့်လက်ကိုင် ၊ café racer mirrors များ ပါဝင်ပါသည်။ number plates နှင့်ရွံ့ကာပါမလာသောဒီဇိုင်းသည် သေးသွယ်ကျစ်လစ်သည့် အသွင်နှင့် ထက်သန်တက်ကြွသည့် အသွင်ပေါ်လွင်စေသည်။ New flat-two-saddle တပ်ဆင်ထားသည့်အတွက် မောင်းသူရော လိုက်ပါစီးနင်းမည့်သူကိုပါ သက်သောင့်သက်သာ ဖြစ်စေပါသည်။

Ducati World Premier မှ second episode တွင် XDiavel နှင့် Ducati Scrambler model အသစ်များကို  www.ducati.com  website နှင့်အခြားသော Social Media များမှတဆင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

Author