Ducati မှ ၂၀၂၁ မော်ဒယ်သစ်များဖြစ်သော New SuperSport 950 , PanigaleV4 SP ဆိုင်ကယ်နှင့် Ducati TK – 01RR စက်ဘီးတို့ကို ထပ်မံမိတ်ဆက်

0

Full article

Ducati မှ ၂၀၂၁ မော်ဒယ်သစ်များဖြစ်သော New SuperSport 950 , PanigaleV4 SP ဆိုင်ကယ်နှင့် Ducati TK – 01RR  စက်ဘီးတို့ကို ထပ်မံမိတ်ဆက်လိုက်ကြောင်း သိရသည်။

Ducati သည် ၂၀၂၁ မော်ဒယ်သစ်များအဖြစ် Sport bike range ထဲမှ SuperSport 950, the new PanigaleV4 ကိုအဆင့်မြှင့်တင်ထားသော The new PanigaleV4 SP ကို စတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။ လူငယ်များ အကြိုက်တွေ့စေမည့် 214 hp, 12.6 kgm torque နှင့် အလေးချိန် 173 kg ရှိသော The new PanigaleV4 SP သည် ဒီဇိုင်းပိုင်းကို ပြန်လည်ဆန်းသစ်ထားပြီး electronic equipment ပါဝင်သလို ဂီယာကို Euro 5 anti- pollution legislation နှင့် လိုက်လျောညီထွေဖြစ်အောင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဆန်းသစ်သည့် နည်းပညာများဖြင့် လမ်းကြောင်းကို ခြေရာခံနိုင်သည့် စနစ် ပါဝင်လာသလို 5 split – spoke carbon rims နှင့်aluminium rims ပါဝင်သဖြင့် ဆိုင်ကယ်အား ပိုမို တည်ငြိမ်အောင်ချိန်ညှိထားသဖြင့် လားရာအပြောင်းအလဲကိုလည်း သွက်လက်ပေါ့ပါးအောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် Ducati သည် စက်ဘီးစီးခြင်းကို နှစ်သက်သည့် သူများအတွက်လည်း Ducati Tk- 01RR ကို မိတ်ဆက်လိုက်ပြန်ပါသည်။ TK -01RR သည် e – enduro နှင့် 630Wh Shimano battery ကဲ့သို့သော ခေါတ်အမီဆုံး နောက်ဆုံးပေါ် technical solution များပါဝင်သဖြင့် off -road နှင့် အခြားသော လမ်းဆိုးများတွင် အကောင်းဆုံး စီးနင်းနိုင်အောင် ဆောင်ရွက်ပေးထားကြောင်းသိရသည်။

New Shimano EP8 motor ကလည်း ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပေးစွမ်းသကဲ့သို့ အလေးချိန်မှာလည်း 2.6 kg သာရှိသောကြောင့် compact engine များထဲတွင် အပေါ့ပါးဆုံးဖြစ်ကြောင်းသိရသည်။ Tk-01RR တွင် extreme e -enduro use , 12 -speed transmission , Shimano XT brakes , brand new 180mm ohlins RFX 38 fork , TTX shock absorber တို့ပါဝင်ပြီး e – MTBs များအတွက် အထူးထုတ်လုပ်ထားသော Pirelli scorpion Styles များကို တပ်ဆင်အသုံးပြုထားကြောင်းသိရသည်။ Ducati ၏ ၂၀၂၁ မော်ဒယ်သစ်ဖြစ်သော PanigaleV4 SP သည် MotoGP မှ အကောင်းဆုံးထွက်ရှိလာသည့် Racing Bike ဖြစ်ကာ Euro 5 homologation စည်းကမ်းများဖြင့်လည်း ကိုက်ညီကြောင်းသိရသည်။

Author