Ducati မှ Ducati World Premier Web series နှင့် Borgo Ducati Manufacture ၏ ထုတ်ကုန်သစ် New Monster 2021 Model သစ်အား မိတ်ဆက်

0

Full article

Ducati မှ Ducati World Premier Web series ၏ ငါးခုမြောက်နှင့် နောက်ဆုံး စီးရီးအဖြစ် Borgo Ducati Manufacture ၏ ထုတ်ကုန်သစ် New Monster 2021 Model သစ်အား မိတ်ဆက်လိုက်ကြောင်းသိရသည်။

New Monster သည် Monster 900 ကိုအခြေခံကာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး Testastretta 11’ 937 cctwun cylinder L- shaped အင်ဂျင်တပ်ဆင်ထားပြီး Euro 5 homologation အသုံးပြုထားကြောင်းသိရသည်။ ယခင်မော်ဒယ်ဖြစ်သော Monster 821 နှင့်နှိုင်းယှဉ်ပါက Displacement , power, torque များတိုးလာပြီး အလေးချိန် ၂.၄ ကီလိုဂရမ် လျော့နည်းသွားသည်။ 9250 rpm တွင် 111hp ထွက်ရှိပြီး အမြင့်ဆုံး 9.5 Nm တတွင် 6500 rpm ထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် new gearbox, Ducati Quick Shift up/ down တို့ကို standard အနေဖြင့် တပ်ဆင်ထားပြီး steering angel ကို 36 ဒီဂရီ တိုးထားသည့်အတွက် လမ်းပေါ်တွင် ထိန်းသိမ်းမောင်းနှင်ရလွယ်ကူမည်ဖြစ်သည်။

Riding Mood ကိုလည်း Sport , Urban , Touring ဟူသည့် Mood ၃ မျိုးနှင့်မောင်းနှင်နိုင်သကဲ့သို့ Handlebar မှလည်းကောင်း ၄.၃ လက်မရှိသော TFT dashboard မှ လည်း racing graphics ဖြင့်လည်း မြင်တွေ့မောင်းနှင်နိုင်မည်ဖြစ်သည်။

New Monster ကို အလေးချိန်ပေါ့ပါးအောင် ထုတ်လုပ်ထားပြီး အစိတ်အပိုင်း တစ်ခုစီတိုင်းကို ပေါ့ပါးစေရန် ဆောင်ရွက်ထားကြောင်းသိရသည်။ Monster မော်ဒယ်သည် Ducati ၏ အရောင်းရဆုံးမော်ဒယ်ဖြစ်ပြီး  စတင်မိတ်ဆက်ချိန်မှစကာ အစီးရေ ၃၅၀,၀၀၀ ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်ကြောင်းသိရသည်။

Author