Ducati နှင့် Lamborghini တို့ပူးပေါင်းကာ ပထမဆုံး မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုအနေဖြင့် Diavel 1260 ကို မိတ်ဆက်ပြသ

0

Full article

Ducati နှင့် Lamborghini တို့ပူးပေါင်းကာ ပထမဆုံး မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုအနေဖြင့် Diavel 1260 ကို မိတ်ဆက်ပြသလိုက်ကြောင်း သိရသည်။

Divael 1260 သည် Lamborghini Sian FKP 37 အား မှီငြမ်းကာ ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး Limited edition အနေဖြင့် အစီးရေ ၆၃၀ သာ ထုတ်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။ ကမ္ဘာကျော် အမှတ်တံဆိပ် နှစ်ခုပေါင်းစပ်ထားသည့်အားလျော်စွာ Ducati ၏ ဒီဇိုင်နာများသည် Lamborghini ၏ အထူးခြားဆုံးနှင့် ၆၃ စီးသာ ထုတ်လုပ်ထားသည့် Sian FKP 37 အားမှီငြမ်းကာ ပုံဖော်ဖန်တီးထားပြီး body work တစ်ခုလုံးကို carbon fiber ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

“Sian နဲ့ပေါင်းပြီး Diveal ကိုဖန်တီးရတာဟာ Lamborghini နဲ့တန်ဖိုးတွေမျှဝေပြီးအတူပူးပေါင်းလုပ်ဆောင်မှုပါပဲ။ ကျွန်တော်တို့ဟာ အီတလီတွေဖြစ်ပါတယ်။ သွက်လက်၊ လျင်မြန်ပြီး sporty ဆန်တဲ့ သစ်လွင်ထင်ရှားတဲ့အရာတွေကို ဖန်တီးကြတာပါ။ ကျွန်တော်တို့ရဲ့ ဒီဇိုင်းဟာ Automotive Sector တွေထဲမှာ သတိပြုမိစရာ ဒီဇိုင်းဖြစ်မယ်ဆိုတာ အခိုင်အမာယုံကြည်ပါတယ်”

ဟု Centro Stile Ducati မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Andrea Ferraresi မှ ပြောကြားခဲ့သည်။

Diavel 1260 ၏ radiator cover, air intakes, silencer cover, spoiler, central tank cover , seat cover front and rear maduards, dashboard cover နှင့် headlight frame များကို ကာဘွန်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး variable timing နှင့် 1262 CC Ducati testastretta DVT ပါဝင်ကြောင်းသိရသည်။

ထို့အပြင် ခေတ်မီဆန်းသစ်သည့် electronics ပစ္စည်းများမှလည်း အမြင့်မားဆုံးနှင့် Safety အကောင်းဆုံးလုံခြုံမှုကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ Diavel 1260 Lamborghini သည် Euro 5 approval ရရှိထားပြီး Diavel 1260 ကို အနက်ရောင်ဖြင့်ရရှိနိုင်မည်ဖြစ်ပြီး 1260 S တွင် အနီရောင်နှင့် အနက်ရောင်တို့ကိုရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

Author