ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လိုက်ပါရန်အတွက် COVID -19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများဆောင်ရွက်နိုင်

0

Full article

ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လိုက်ပါရန်အတွက် COVID -19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်ထားရှိသည့် ဓါတ်ခွဲစစ်ဆေးသည့်နေရာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။

လက်ရှိဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်များကို ကာလအတန်ကြာ ရပ်နားထားရာမှ သတ်မှတ်စံနှုန်းများနှင့်အညီ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး ခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့်ခရီးသည်များအနေဖြင့် COVID -19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နေရာများ သတ်မှတ်ထားရာ အဆိုပါနေရာများမှာ ပြည်ထောင်စုနယ်မြေနေပြည်တော်အတွက် စည်ပင်ဧည့်ရိပ်သာ(၁)၊ ဇမ္ဗူသီရိမြို့နယ်၊ ဖုန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွက် နေရာ(၁) Tourist Burma အဆောက်အဦ၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ နေရာ(၂) ဒေသန္တရကျန်းမာရေးဌာန၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း၊ မင်္ဂဒုံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွက်၊ နေရာ (၁) သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးများ၊ နေရာ (၂) AYA Test and Care Center မန္တလေး၊ ကချင်ပြည်နယ်အတွက် နေရာ (၁)  မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ ရုံးကြီးလမ်းနှင့် မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းထောင့်၊ နေရာ(၂) ပူတာအိုမြို့၊ ခရိုင်ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့မရပ်ကွက်၊ နေရာ(၃)  ဗန်းမော်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ ဦးကြီးထိန်နန်လမ်း၊ ညောင်ပင်ရပ်ကွက်၊ ကယားပြည်နယ်အတွက် နေရာ(၁) သာသနာ့ဗိမာန် Quarantine Center ၊ နေရာ (၂) သစ်ဆိပ် ကုန်ကားကြီးဝင်း Quarantine Center၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွက် နေရာ (၁) သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံများ၊ နေရာ (၂) တောင်ကြီး အေးသာယာတိုက်နယ်ဆေးရုံ၊ နေရာ (၃) ကလောမြို့ထွက်ဂိတ်၊  ရှမ်းပြည်နယ်( အရှေ့ပိုင်း) အတွက် နေရာ (၁) ကျိုင်းတုံ၊ မြို့တော်ခန်းမ Fever Clinic၊ နေရာ (၂) တာချီလိတ်မြို့၊ တာချီလိတ်ဆေးရုံဟောင်းဝင်း၊ Fever Clinic ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ဓါတ်ခွဲစစ်ဆေးခြင်းဆောင်ရွက်မည့်နေရာ၊ ကလေးလေဆိပ်၊ တနင်္သာရီတိုင်းဒေသကြီးအတွက် နေရာ(၁) ၊ ထားဝယ်မြို့၊ ခရိုင်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ ဇလပ်ဖြူလမ်း၊ ဆန်းချီသစ်မြို့သစ်၊ နေရာ(၂) မြိတ်မြို့၊ ခရိုင်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ ဆေးရုံလမ်း၊ ကံခေါင်းရပ်ကွပ်၊ နေရာ(၃)၊ ကော့သောင်းမြို့၊ ခရိုင်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ ဆေးရုံဟောင်းလမ်း၊ အဏ္ဏဝါရပ်ကွပ်၊ နေရာ (၄) ဘုတ်ပြင်းမြို့နယ်ဆေးရုံ၊ ပြည်ထောင်စုလမ်း၊ ရခိုင်ပြည်နယ်အတွက် နေရာ(၁) စစ်တွေမြို့၊ တက္ကသိုလ်ဟောင်း၊ နေရာ (၂) မာန်အောင်မြို့ ပြည်သူ့ဆေးရုံ၊ နေရာ (၃) ကျောက်ဖြူမြို့၊ ကျောက်ဖြူလေဆိပ်၊ နေရာ (၄) သံတွဲမြို့ မြို့တော်ခန်းမ၊ နေရာ (၅) အမ်းမြို့၊ ဓမ္မရက္ခိတကုန်း တို့ အသီးသီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။

ဓါတ်ခွဲစစ်ဆေးမည့်နေရာများ ပြောင်းလဲမှုရှိပါက အချိန်နှင့်တပြေးညီကြေညာချက်ထုတ်ပြန်သွားမည်ကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။

Author