City Taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းဝန်ဆောင်မှုများကို COVID -19 ရောဂါ ကူးစက်မှုအခြေအနေကို စောင့်ကြည့်ပြီးမှသာ ပြန်လည်ဝန်ဆောင်မှုပေးသွားမည်

0

Full article

City Taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းဝန်ဆောင်မှုများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဝန်ဆောင်မှုပေးသည့်အပေါ် လေ့လာခြင်းနှင့် COVID -19 ရောဂါ ကူးစက်မှုအခြေအနေကို စောင့်ကြည့်ပြီးမှသာ ပြန်လည်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံမှသိရသည်။

“City Taxi နဲ့ပတ်သက်ပြီးတော့ COVID -19 ရောဂါကြောင့် ကန့်သတ်ချက်တွေလည်းရှိနေတယ်၊ နောက်တစ်ခုက လူစုလူဝေးလည်း မဖြစ်ချင်တာကြောင့် ၂၀၁၉ ခုနှစ် မတ်လကတည်းက ရပ်နားထားခဲ့ပါတယ်။ ပြန်ဖွင့်မှာကတော့ ကညန တို့ဘာတို့လို ဌာနကြီးတွေ ပြန်ပြီး ဝန်ဆောင်မှုပေးတယ်ဆိုတော့မှ အဲဒီအနေအထားပေါ်မူတည်ပြီး ကျွန်တော်တို့က လေ့လာပြီးဆောင်ရွက်ဖို့တော့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကညန ဆိုတာက တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ရှိတယ်လေ။ နိုင်ငံတော်ရဲ့ စီမံချက်နဲ့လုပ်တဲ့ဌာနကြီးတွေဆိုတော့ သူတို့ ပြန်ဖွင့်တဲ့အခါ ဘယ်လိုဆောင်ရွက်သလဲဆိုတာ လေ့လာမယ်၊ ပြီးရင် ရောဂါကူးစက်မှုအခြေအနေကို ကျွန်တော်တို့က လေ့လာပြီး လုပ်ငန်းဆောင်ရွက်တဲ့အခါ ဘယ်လို ကန့်သတ်ပြီးဘယ်လိုစီမံဆောင်ရွက်နိုင်မလဲဆိုတာကို စဉ်းစားပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ City Taxi မှတ်ပုံတင်တာနဲ့ သက်တမ်းတိုးတာတွေကို အကြာကြီးရပ်ထားမယ်ဆို နောင်တစ်ချိန်မှာ ဝန်ထုတ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဘယ်လို စီမံဆောင်ရွက်နိုင်မလဲဆိုတာကို လေ့လာသုံးသပ်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။

City Taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို COVID -19 ရောဂါကြောင့် ၂၀၁၉ ခုနှစ် မတ်လကတည်းက ယာယီရပ်ဆိုင်းထားခဲ့ပြီး ထိုသို့ ရပ်ဆိုင်းထားစဉ်ကာလအတွင်း မှတ်ပုံတင်အသစ်ပြုလုပ်မည့်ယာဉ်များနှင့် သက်တမ်းစေ့သွားသော ယာဉ်များကို ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဒဏ်ကြေးတစုံတရာကာက်ခံခြင်းမပြုပဲ ပုံမှန်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကောင်း YRTA မှ အသိပေးကြေညာထားခဲ့သည်။

Author