BMW Myanmar မှ BMW THE 1 နှင့် THE 2 Virtual Launch ကို Facebook Live နဲ့ Youtube Premiere Live တို့ဖြင့် ဖွင့်လှစ်မိတ်ဆက်ခဲ့

0

Full article

၂.၉.၂၀၂၀ ခုနှစ်၊ ည ၇နာရီမှာ BMW Myanmar မှ BMW THE 1 & THE 2 Virtual Launch ကို Facebook Live နဲ့ Youtube Premiere Live တို့ဖြင့် ဖွင့်လှစ်မိတ်ဆက်ခဲ့တယ်လို့ သိရသည်။

အဆိုပါပွဲတွင် BMW ရဲ့ သွက်လက်ပေါ့ပါးပြီး လူငယ်ဆန်တဲ့ဒီဇိုင်းနဲ့ ကားမော်ဒယ်သစ်နှစ်စီးဖြစ်တဲ့ THE 1 နဲ့ THE 2 ကို Virtual Launch ပြုလုပ်ခဲ့တာဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေတဲ့ကပ်ရောဂါအခြေအနေတွေအရ ဒီ Virtual Launch ပွဲကို လူနှစ်ယောက်တည်းနှင့်သာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင် အလင်းရောင်နှင့် BMW Sales Consultant ALEX တို့မှ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

THE 1 ရဲ့ ဈေးနှုန်းကတော့ မြန်မာငွေ ၁,၀၉၀ သိန်းဖြစ်ပြီး Special Offer အနေနဲ့ ရန်ကုန်လိုင်စင်နဲ့ အထူးသက်သာသောလစဉ်ပေးသွင်းငွေဖြင့် အရစ်ကျရရှိနိုင်သည်ဟု သိရသည်။ အရစ်ကျဝယ်ယူချင်သူများအနေဖြင့် ကနဦးပေးသွင်းငွေ ၁၀၉သိန်းသာ ပေးသွင်းရမှာဖြစ်ပြီး တစ်လလျှင် ၁၈သိန်း ပေးသွင်းရမှာပဲ ဖြစ်သည်။

THE 2 ရဲ့ ဈေးနှုန်းကတော့ မြန်မာငွေ ၁,၂၃၀သိန်းဖြစ်ပြီး Special Offer အနေနဲ့ ရန်ကုန်လိုင်စင်နဲ့ အထူးသက်သာသောလစဉ်ပေးသွင်းငွေဖြင့် အရစ်ကျရရှိနိုင်သည်ဟု သိရသည်။
အရစ်ကျဝယ်ယူချင်သူများအနေဖြင့် ကနဦးပေးသွင်းငွေ ၁၂၃သိန်းသာ ပေးသွင်းရမှာဖြစ်ပြီး တစ်လလျှင် သိန်း၂၀  ပေးသွင်းရမှာပဲ ဖြစ်သည်။

နောက်ထပ်အထူးဝန်ဆောင်မှုများအနေဖြင့် အာမခံငါးနှစ်၊ ပြုပြင်ထိန်းသိမ်းမှုငါးနှစ်နဲ့ ၂၄နာရီမိုဘိုင်းဆားဗစ် ဝန်ဆောင်မှုသုံးနှစ် ပေးအပ်သွားမယ်လို့လည်း သိရသည်။

Author