YRTA မှကြီးမှူးကာ COVID-19 ရောဂါကာကွယ်ရေးအတွက် Mask Campaign ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင်ပြုလုပ်ခဲ့

0

Full article

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှကြီးမှူးကာ COVID-19 ရောဂါကာကွယ်ရေးအတွက် Mask Campaign ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ ကြီးမှူးကာ YBS ယာဉ်လိုင်းကုမ္ပဏီများနှင့်ပူးပေါင်းကာ COVID-19 ရောဂါကာကွယ်ရေးအတွက် လက်ကမ်းစာစောင်များဝေငှခြင်း၊ YBS စီးခရီးသည်များအား Face Mask များဝေငှခြင်းများဆောင်ရွက်သည့် Mask Campaign ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးနှင့် ဆူးလေဘုရာလမ်း၊ သင်္ကန်းကျွန်း စံပြဈေးမှတ်တိုင်(လေးထောင့်ကန်လမ်း) နှင့် သင်္ကန်းကျွန်း စံပြဈေးမှတ်တိုင် (သံသုမာလမ်း) တို့တွင် နံနက် ၉ နာရီမှ ၁၀ နာရီအထိ ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ YRTA ရဲ့စီမံမှုနဲ့ YRTA ရယ်၊ ပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေရယ် ပူးပေါင်းပြီးတော့ ပထမအဆင့်အနေနဲ့ Mask Campaign လုပ်တာဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၁၈ ရက်နေ့မှ ပြုလုပ်ခဲ့တဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအစည်းအဝေးမှာ ကျွန်တော်တို့ကိုတာဝန်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့အနေ COVID-19 နဲ့ပတ်သက်ပြီး ဒုတိယလှိုင်းမဖြစ်ပွားအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ နံပါတ်တစ်အနေနဲ့ ကျွန်တော်တို့ရဲ့ ယာဉ်မောင်းတွေ ကိုယ်စီကိုယ်စီ Mask ပါရမယ်။ ပြီးရင် ခရီးသွားပြည်သူတွေကိုလည်း Mask တပ်ဖို့နှိုးဆောင်ပေးမယ်။ Mask တွေဝေငှပါ့မယ်။ ဒီနေ့မှာတော့ Mask အရေအတွက် တစ်သောင်းဝေငှသွားပါ့မယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူးဦးလှအောင်မှပြောကြားခဲ့သည်။

YRTA မှာကြီးမှူးကာ ဆောင်ရွက်သွားမည့် ဒုတိယအကြိမ် mask Campaign ကိုလည်း လာမည့် ဩဂုတ်လ(၂၅) ရက်နေ့တွင်လည်း ဆူးလေဘုရားလမ်း (မြို့တော်ခန်းမအနီး)၊ သခင်မြပန်းခြံ၊ သင်္ကန်းကျွန်း စံပြဈေးမှတ်တိုင်( လေးထောင့်ကန်လမ်းနှင့် သံသုမာလမ်း)၊ ယုဇနပလာဇာ မှတ်တိုင်၊ လှည်းတန်းမှတ်တိုင်(အင်းစိန်)၊ မြောက်ဥက္ကလာပ အဝိုင်းမှတ်တိုင်(သုဓမ္မာလမ်း)၊ သန်လျင် ဘုရားကုန်းမှတ်တိုင်၊ ရွှေပြည်သာ ထန်းခြောက်ပင်မှတ်တိုင်၊ လှိုင်သာယာ(ဘီအိုစီ) မှတ်တိုင်၊ မင်္ဂလာဒုံ (ဝါယာလက်မှတ်တိုင်)၊ တိုက်ကြီး၊ လှည်းကူး၊ ၇/၈ လမ်းဆုံမှတ်တိုင်(ပြည်ထောင်စုလမ်းမကြီး) တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Author