MG (Morris Garages) မန္တလေး showroom ဖွင့်ပွဲအား သြဂုတ်လ ၂၃ ရက်နေ့ က soft opening အဖြစ်ဖွင့်လှစ်ခဲ့

0

Full article

၂၀၂၀၊ သြဂုတ်လ ၂၃ ရက်နေ့ က MG (Morris Garages) မန္တလေး showroom ဖွင့်ပွဲအား MG မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များမှ ဖဲကြိုးဖြတ်ပြီး soft opening အဖြစ်ဖွင့်လှစ်ခဲ့ကြသည်။

လက်ရှိ Covid 19 ကာလ၏ အစိုးရသတ်မှတ်ချက်များနှင့်အညီလိုက်နာပြီး တရားဝင်ဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်၏။ MG Myanmar ၏ CEO ဖြစ်သူ ဦး ရဲသီဟက

“အင်္ဂလန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ MG (Morris Garages) ဟာ မြန်မာတစ်နိုင်ငံလုံးမှာ ထင်ထင်ရှားရှားရှိနေဖို့က အရေးကြီးတဲ့လိုအပ်ချက်တစ်ခုပါ။ ဒါကြောင့်မို့လို့ ကျွန်တော့်တို့ရဲ့ customers တွေကို အရည်အသွေးမြင့်ကားတွေ ပိုင်ဆိုင်နိုင်စေဖို့ မျှော်လင့်ထားပြီး After Sales Services အတွက်လည်း အမြဲတမ်းအသင့်ဖြစ်ဖို့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အခုဒီနေရာကို လာရောက်လည်ပတ်ကြည့်ရှုကြမယ့် ကျွန်တော်တို့ရဲ့ customers တွေဟာ MG အမှတ်တံဆိပ်ကို နှစ်သက်သွားကြလိမ့်မယ်လို့လည်း အမှန်တကယ် မျှော်လင့်ထားပါတယ်”

ဟုပြောကြားခဲ့သည်။

MG Myanmar ၏ လက်ထောက်အထွေထွေမန်နေဂျာဖြစ်သူ ဒေါက်တာ ဟိန်းဝဏ္ဏက

“MG Mandalay Branch Showroom ဖွင့်လှစ်နိုင်ခြင်းဟာ တကယ့်ကိုအရေးပါတဲ့ ရ​င်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ customers တွေအတွက်တော့ ထူးခြားစွာနဲ့ အမှတ်ရစရာအတွေ့အကြုံတွေဆကို ဆက်လက်ပေးစွမ်းနိုင်စေမှာပဲဖြစ်ပါတယ်။ အခု ဒီ Showroom ဖွင့်ပွဲကိုတတ်ရောက်ခွင့်ရတာဟာ အလွန်ဝမ်းမြောက်စရာကောင်းပြီး ရောက်ရှိလာမယ့် ရှိပြီး customers တွေရော customers အသစ်တွေကိုပါ နောက်ဆုံးပေါ်အထောက်အပံ့ပစ္စည်းတွေပြသရင်းနဲ့ ကျွန်တော်တို့ကမ်းလှမ်းမယ့် ပြိုင်ဘက်ကင်းအတွေ့အကြုံတွေကိုပါ ခံစားရရှိစေဖို့ နွေးထွေးစွာကြိုဆိုမျှော်လင့်လျက်ရှိပါတယ်”

ဟု ပြောကြားသွားခဲ့သည်။

ကားချစ်သူတွေအနေနဲ့ MG (Morris Garages) ကားတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ အမှတ် ၅၁၄/၂ မှာတည်ရှိတဲ့  ၃၅လမ်၊း ၅၈လမ်းနဲ့ ၅၉လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့မှာ ဩဂုတ်လ ၂၃ရက်နေ့ က စတင်ဖွင့်လှစ်လိုက်တဲ့  MG (Morris Garages)  showroom မှာသွားရောက်လေ့လာကြည့်ရှု ဝယ်ယူနိုင်ပါသည်။

Author