၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိစာရင်းများအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စီးရေမှာ ၁.၁ သန်းကျော် ရှိလာ

0

Full article

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိစာရင်းများအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စီးရေမှာ ၁.၁ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအထိစာရင်းများအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စီးရေမှာ  စုစုပေါင်း ၁,၁၂၂,၇၈၈ စီးရှိနေပြီး၊ လူစီးယာဉ်အရေအတွက် ၅၈၁,၆၉၄ စီး၊ ခရီးသည်တင်ယာဉ်အရေအတွက် ၂၉,၄၄၆ စီး၊ ဝန်ပေါ့ကုန်တင်ယာဉ်အရေအတွက် ၃၅၇,၇၇၄ စီး၊ ဝန်လေးကုန်တင်ယာဉ်အရေအတွက် ၅၁,၅၉၈ စီးနှင့် အခြားအမျိုးအစားယာဉ် ၁၀၂,၂၇၆ စီး တို့ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံရှိ မှတ်ပုံတင်ထားသောမော်တော်ယာဉ်ပေါင်း ၁.၁ သန်းကျော်တွင် ရန်ကုန်တိုင်းအတွင်း၌ အစီးရေ ၅ သိန်း၄ သောင်းကျော်ရှိနေပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအထိ စာရင်းများအရ ရန်ကုန်တိုင်းအတွင်း၌ မှတ်ပုံတင်ထားသော လူစီးမော်တော်ယာဉ်အရေအတွက် ၃၅၅,၂၁၀ စီး၊ ခရီးသည်တင်ယာဉ် ၁၆၄၀၁ စီး၊ ဝန်ပေါ့ကုန်တင်ယာဉ် ၁၂၃,၂၁၇ စီး၊ ဝန်လေးကုန်တင်ယာဉ် ၁၃,၅၂၇ စီးနှင့် အခြားအမျိုးအစားမော်တော်ယာဉ် ၃၁,၇၉၁ စီး၊ စုစုပေါင်း ၅၄၀,၂၀၀ စီးရှိကြောင်းသိရသည်။ ရန်ကုန်တိုင်းပြီးလျှင် ဒုတိယအများဆုံး မှာ မန္တလေးတိုင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိစာရင်းများအရ မန္တလေးတိုင်းတွင် မှတ်ပုံတင်ထားသောမော်တော်ယာဉ်အစီးရေ ၂၉၆,၄၈၈ စီးရှိနေပြီး လူစီးမော်တော်ယာဉ် ၁၁၈,၉၁၄ စီး၊ ခရီးသည်တင်မော်တော်ယာဉ် ၄,၂၄၂ စီး၊ ဝန်ပေါ့ကုန်တင်ယာဉ် ၁၂၂,၅၀၆ စီး၊ ဝန်လေးကုန်တင်ယာဉ် ၁၅,၂၄၃ စီးနှင့် အခြားအမျိုးအစားမော်တော်ယာဉ် ၃၅,၅၄၃ စီးတို့ဖြစ်ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအထိစာရင်းများအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော နှစ်ဘီးတပ်ယာဉ်  ၆,၃၃၅,၉၉၆ စီး၊ သုံးဘီးတပ်ယာဉ် ၁၂၀,၀၆၈ စီး၊ ထရောလာဂျီ ၃၈,၃၅၄ စီး၊ စုစုပေါင်း ၆,၄၉၄,၄၁၈ စီးရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

Author