Kia Myanmar ရဲ့ All New SOLUTO ကားသစ်အား လာမယ့် အောက်တိုဘာလ ၂၈ရက်နေ့တွင် Kia Myanmar ရဲ့ Facebook Live မှတဆင့် Launch လုပ်သွားမည်ဖြစ်သလို အဲဒီနေ့မတိုင်ခင် Early Bird Pre-Launch Bookings စနစ်ဖြင့် ကြိုတင်မှာယူကာ ဝယ်ယူနိုင်မည်ဟုလည်း သိရသည်။

Kia Myanmar အနေနဲ့ All New SOLUTO အား မြန်မာပြည်တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကာ Early Bird Pre-Launch Bookings စနစ်ဖြင့် ပထမဆုံး ကြိုတင်မှာယူသူ ၇၇ယောက်အတွက်လည်း အထူးပရိုရှင်းတွေ ပေးအပ်သွားမည်ဟုလည်း သိရသည်။ ပေးအပ်သွားမည့် ပရိုမိုရှင်းတွေကတော့ Early Bird Pre-Launch Bookings စနစ်ဖြင့် ပထမဆုံး ကြိုတင်မှာယူသူ ၇၇ယောက်အတွက် ၇၇ဒေါ်လာလျှော့ပေးသွားမည်ဖြစ်သလို၊ ၇၇၇ဒေါ်လာတန်ဖိုးရှိ သုံးနှစ်အခမဲ့ပြုပြင်ခွင့်ကိုလည်း ပေးအပ်သွားဦးမည် ဖြစ်သည်။
Kia Myanmar ရဲ့ All New SOLUTO Launch ပွဲကို လာမည့် အောက်တိုဘာလ ၂၈ရက်နေ့၊ ည ခုနှစ်နာရီတိတိ Facebook Live ဖြင့် Kia Myanmar Page တွင် စတင်ထုတ်လွှင့်ကာ ပြသသွားမည်ဖြစ်ပြီး Sedan ကားအမျိုးအစားဖြစ်တဲ့ All New SOLUTO အား စိတ်ပါဝင်စားသူ ကားချစ်သူမိတ်ဆွေများအနေဖြင့် Kia Myanmar Facebook Page တွင် လေ့လာကြည့်ရှုနိုင်မည်ဟုလည်း သိရသည်။