Ford Myanmar မှ Compact SUV အမျိုးအစား All-New Ford Territory ကို စတင်မိတ်ဆက်

0

Full article

၂၀၂၀ ဒီဇင်ဘာလ ၂၉ရက် (ယနေ့) တွင် Ford Myanmar မှ SUVအမျိုးအစား All-New Ford Territory ကို စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။

All-New Ford Territory သည် ကျစ်လစ်ပြီးခေတ်ဆန်သောဒီဇိုင်း၊ အထင်ကြီးလောက်သောစွမ်းဆောင်ရည်နှင့် ဆန်းသစ်သော driver-assist နည်းပညာများစွာဖြင့် Compact SUV ဈေးကွက်တွင် စံချိန်တင်ထားနိုင်သော ကားတစ်စီးဖြစ်သည်။ ငါးယောက်စီး Compact SUV အမျိုးအစားဖြစ်သည့် All-New Ford Territory သည် Ford ၏ ကမ္ဘာအနှံ့တွင် ကျွမ်းကျင်သည့်ကားဒီဇိုင်း၊ engineering၊ စမ်းသပ်မှု၊ ထုတ်လုပ်မှုတို့နှင့်ကိုက်ညီသည့် စွမ်းဆောင်ရည်ရှိသည့် ကားတစ်စီးဖြစ်သည်။ နောက်ပြီးတော့ ယခုကားသည် Ford Motors Company နှင့် သူ၏အကျိုးတူပူးပေါင်းလုပ်ဆောင်သော Jiangling Motors Corporation နှင့်အတူ တည်ဆောက်ထားသည့် ကားတစ်စီးဖြစ်သည်။

All-New Ford Territory မိတ်ဆက်ပွဲတွင် Michael Breen ( Managing Director, Asia Pacific Direct Markets, Ford Motor Company) မှ

“All-New Ford Territory သည် Ford ၏ ရှည်လျားလှသော သမိုင်းကြောင်းနှင့် utility segment တွင် ကျွမ်းကျင်မှုတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းမှုအရ ထွက်ပေါ်လာသည့် ထုတ်ကုန်အသစ်ဖြစ်ပြီး SUV တွေ လိုအပ်နေသည့် Customers ၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးရန်အတွက်ဖြစ်သည်”

ဟု ပြောကြားခဲ့သည်။

အဆိုပါ  မိတ်ဆက်ပွဲတွင် All-New Ford Territory နဲ့ ပတ်သက်သည့်  Unmistakably Ford ၊ Proven Performance ၊ Functional Design, Inside-Out ၊ Smart and Safe Technologies အချက်အလက်များကို အသေးစိတ်ရှင်းလင်းပြောကြားသွားခဲ့သလို ကြိုတင်မှာယူနိုင်တဲ့ဈေးနှုန်းနဲ့ ရရှိနိုင်သော အရောင်များကိုလည်း တစ်ခါတည်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ရရှိနိုင်မယ့်အရောင်တွေကတော့ ၁။ Ruby Red ၂။ Diffused Silver ၃။ Panther Black ၄။ Crystal Pearl White (Titanium+ Only) ၅။ Moonstone Blue (Titanium+ Only) ၆။ Star White (Trend Only) တို့ဖြစ်ပြီး၊ ဈေးနှုန်းတွေကတော့ Territory 1.5 Trend MY20 ကို $32,900 ဖြင့်ရရှိနိုင်ပြီး၊ Territory 1.5 Titanium+ MY20 ကိုတော့ $34,900 ဈေးနှုန်းဖြင့် ကြိုတင်မှာယူရရှိနိုင်မည်ဟု သိရသည်။

Author