ပြည်တွင်းခရီးစဉ်များတွင် ပျံသန်းပြေးဆွဲရန်အတွက် မှာယူထားသည့် Embraer E 190 – 100 LR လေယာဉ်သစ်တစ်စင်း ရောက်ရှိလာပြီ

0

Full article

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) မှ ပြည်တွင်းခရီးစဉ်များတွင် ပျံသန်းပြေးဆွဲရန်အတွက် မှာယူထားသည့် Embraer E 190–100 LR  လေယာဉ်သစ်တစ်စင်း ရောက်ရှိလာပြီဖြစ်ကြောင်း MAI ၏ ထုတ်ပြန်ချက်အရသိရသည်။


မြန်မာလေကြောင်းလိုင်း (MAI) သည် ပြည်ပခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲခဲ့ပြီး ယခုအခါ ပြည်တွင်းခရီးစဉ်များတိုးချဲ့ပြေးဆွဲရန်အတွက် Embraer E 190 လေယာဉ်လေးစီးအား မှာယူထားခဲ့ပြီး ယခုအခါ ပထမအဆင့်အနေဖြင့် Embraer E 190- 100 LR လေယာဉ်သစ်သည် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ MAI အနေဖြင့် အဆိုပါလေယာဉ်သစ်ကို မြန်မာနိုင်ငံအတွင်း ကား၊ ရထား၊ သင်္ဘောတို့ဖြင့် သွားလာရန်ခက်ခဲ့သည့် မြန်မာနိုင်ငံအစွန်အဖျားဒေသများသို့ ဦးစားပေးပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ပူတာအို၊ မြစ်ကြီးနား၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ ကျိုင်းတုံ၊ ဟဲဟိုး၊ စစ်တွေ၊ ညောင်ဦး၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ ပျံသန်းပြေးဆွဲရန် စီစဉ်ထားကြောင်းသိရသည်။ MAI မှ Pilot နှင့် Cabin Crew များ၊ ဝန်ထမ်းများ၏ နိုင်ငံတကာခရီးစဉ်များတွင် ဆောင်ရွက်ပေးသည့် International Standard Service များအတိုင်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ယခုရောက်ရှိလာသော Embraer လေယာဉ်သစ်သည် MSN 529 အမျိုးအစားဖြစ်ပြီး Business Class နှင့် Economy Class နှစ်မျိုးပါရှိကာ မိုင် ၂,၄၀၀ ခန့်အထိ တိုက်ရိုက်ပျံသန်းနိုင်သော Long Range ( LR ) အမျိုးအစားဖြစ်ကြောင်းသိရသည်။

Author