9999 Motor ၏ KIA Showroom သစ်ကို ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်တွင် ထပ်မံဖွင့်လှစ်

0

Full article

9999 Motor ၏ KIA Showroom သစ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်တွင် ထပ်မံဖွင့်လှစ်လိုက်ကြောင်းသိရသည်။

KIA Yangon Showroom by 9999 motor ၏ Showroom သစ်ဖွင့်လှစ်သည့်အထိန်းအမှတ်အနေဖြင့် Luxury Options များဖြင့်တင်သွင်းလာသော တောင်ကိုရီးယားနိုင်ငံထုတ် KIA ကားများကို ရန်ကုန်လိုင်စင်အပါအဝင် ကြိုက်နှစ်သက်ရာလိုင်စင်ဖြင့်ရောင်းချပေးသွားမည့်အပြင် ၊ ပြည်တွင်း၌ SKD စနစ်ဖြင့်ထုတ်လုပ်သော KIA ကားသစ်များဖြစ်သော Sorento , Soluto , Cerato , Rio နှင့် Picanto တို့ကိုလည်းပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

Showroom သစ်ဖွင့်လှစ်သည့်အထိမ်းအမှတ်အနေဖြင့် ပထမဆုံးလာရောက်ဝယ်ယူသော Customers အယောက် ၃၀ ကို ၁၁.၁၁.၂၀၂၀ ရက်နေ့မှ ၁၁.၁၂.၂၀၂၀ ရက်နေ့အတွင်း လာရောက်ဝယ်ယူမည်ဆိုပါက လက်ရှိပြုလုပ်နေသည့် Promotion အပြင် အထူးအခွင့်အရေးအနေဖြင့် 1 year Free Insurance , 1 Year Free Maintenance , 500,000 ကျပ်တန်ဖိုးရှိ Car Accessories, 100,000 ကျပ်တန်ဖိုးရှိ Fuel Coupon, Floor Mat, Mirror Filmတို့ကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် 11:11 Online Sale အထူးအစီအစဉ်ကိုလည်း (၁၁) ရက်တိတိ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ  Online Sale အထူးအစီအစဉ်တွင် KIA ကားသစ်များကိုဝယ်ယူမည်ဆိုပါက ကားအမျိုးအစားအလိုက် အတိုးနှင့် လစဉ်သွင်းငွေကို အများဆုံး ၅ လအထိပေးသွင်းစရာမလိုပဲ ဝယ်ယူနိုင်ခြင်း၊ ၂၀% သာ Downpayment ပေးချေကာဝယ်ယူနိုင်ခြင်းနှင့် မကြာသေးမီကမှ မိတ်ဆက်ပြသထားသော The All New KIA Soluto ကို 3 Years Free maintenance ဖြင့်ရရှိနိုင်မည့်ဖြစ်ခြင်းနှင့် KIA Rio Limit Edition ကိုလည်းဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

တောင်ကိုရီးယားနိုင်ငံထုတ် KIA ကားသစ်များနှင့် ပြည်တွင်း SKD စနစ်ဖြင့်ထုတ်လုပ်သော KIA ကားသစ်များကို စိတ်ပါဝင်စားပြီးဝယ်ယူလိုသူများအနေဖြင့် အမှတ် (၁)၊ သံသုမာလမ်းမကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ (MAX ဆီဆိုင်အနီး) တွင်ဖွင့်လှစ်ထားသော KIA Yangon Showroom By 9999 Motor တွင် စိတ်တိုင်းကျသွားရောက်လေ့လာဝယ်ယူနိုင်ကြောင်းသိရသည်။

Author