2019 ခုနှစ်အတွက် မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲအတွက် ကားစာရင်းများ

0

Full article

၂၀၁၉ ခုနှစ်အတွက် Myanmar Car of the Year ပွဲကို Drive Media မှဦးဆောင်ကာ ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ သတင်းစာပညာရှင်များ၏ ပူးပေါင်းပါဝင်မှုနှင့် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုကို ရွေးချယ်ရာတွင် စမ်းသပ်မောင်းနှင်မှုများပြုလုပ်ကာ ကားတစ်စီး၏ safety ပိုင်း၊ စွမ်းဆောင်ရည်၊ နည်းပညာပိုင်း၊ သုံးစွဲသူများ၏စိတ်ကျေနပ်မှုနှင့် ဈေးနှုန်းသင့်တင့်မှု ရှိ/မရှိ စသည့်အချက်များကို စစ်ဆေးလေ့လာအကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲအတွက် အဆိုပြုစာရင်းပေးထားသော ကားအမျိုးအစားများမှာ Best Family Car အမျိုးအစားအတွက် MAZDA 6 ၊ Chevrolet Malibu ၊ Hyundai Sonata ၊ TOYOTA CAMRY ၊ KIA Optima ၊ GAC GM6 ၊ Best Small SUV အတွက် Mazda CX5 ၊ Chevrolet Trax ၊ Mitsubishi ASX ၊ KIA Sportage ၊ GAC GS5 ၊ Hyundai Tucson (SKD) ၊ Best Family SUV အတွက် Borgward BX7 ၊ Nissan Terra ၊ Chevrolet Trailblazer ၊ Mitsubishi Pajero Sport ၊ KIA Sorento ၊ GAC GS7 ၊ Ford Everest ၊ Compact Car အမျိုးအစားတွင် Best Small Car အတွက် Hyundai Accent (SKD) ၊ GAC GA4 ၊ Best City Car တွင် KIA Picanto ၊ KIA Rio ၊ Mitsubishi Attrage ၊ Hyundai Grand i-10 (SKD) ၊ Best City SUV တွင် GAC GS3 ၊ Hyundai Creta (SKD) ၊ Ford Ecosport ၊ Borgward BX5 တို့စာရင်းပေးထားပြီး Luxury Car အမျိုးအစားများတွင်  Best Luxury SUV အတွက် ($ 90,000 and below) Borgward BX7TS ၊ GAC GS8 ၊ Mazda CX-9 ၊ New Range Rover Evoque ၊ Best Luxury SUV (Above $ 90,000) တွင် Ford Explorer ၊ Range Rover Velar ၊ Jaguar F-PACE ၊ Best MPV/Minivan တွင် (Under $ 50,000) Mitsubishi Xpander ၊ GAC GM8 (GT Premium) ၊ Best MPV/minivan (Above $ 50,000) တွင် Toyota Majesty ၊ KIA Carnival ၊ Utility Vehicles/Best Pickup တွင် Nissan Navara Plus ၊ Mitsubishi L 200 ၊ Ford Ranger Raptor တို့အသီးသီးစာရင်းပေးထားကြောင်းသိရသည်။

၂၀၁၉ ခုနှစ် မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲတွင်  ပြည်တွင်းမှ ဒိုင် ၄ ဦးနှင့် ပြည်ပမှ ဒိုင် ၃ ဦး ပါဝင်သည့် အကဲဖြတ်ဒိုင်အဖွဲ့မှ ဆုတံဆိပ် ၁၁ ခုနှင့် ကားချစ်သူပရိတ်သတ်များမှ ရွေးချယ်သည့် People's Choice Awards ဆုတို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

Author