၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မော်တော်ယာဉ်အမျိုးအစားအလိုက် မော်တော်ယာဉ် ရာဖြတ်စံနှုန်းများ

0

Full article

-အက္ခရာအမှတ်စဉ် ( C,D,E,F/ H,I,J,K/ L,M,N စသည်ဖြင့်) အက္ခရာအနံပါတ်အပေါ်မူတည်ကာ ကျပ်သိန်း(၃၀) ခန့် ပိုမိုနိုင်ခြင်း


- ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်ပေါ်မူတည်ကာ ရန်ကုန်လိုင်စင်များသည် နယ်လိုင်စင်ထက် ကျပ်သိန်း(၃၀) မှ ကျပ်သိန်း(၅၀) အထိ ပိုနိုင်ခြင်း


- ပြင်ပကားအရောင်းအဝယ်ပြုလုပ်ရာတွင် ကားအရောင်းပေါ်မူတည် ဈေးနှုန်း ကွာခြားမှုရှိခြင်း၊ ကားအရောင် အဖြူနှင့် အနက်မှာ အခြားအရောင်များထက် ကျပ်(၁၀) သိန်းမှ (၁၅) သိန်းအထိ ပိုမိုနိုင်ခြင်း


- ထုတ်လုပ်သည့်ခုနှစ်တူညီသော်လည်း ကားအတွင်းပိုင်းတွင်ပါဝင်သော ပစ္စည်းများကွာခြားမှုကြောင့် ဈေးနှုန်းကွာခြားမှုရှိခြင်း


- ယခုသတ်မှတ်ထားသော စံနှုန်းများမှာ ကြမ်းခင်းဈေးဖြစ်၍ အခွန်ထမ်းမှ စံနှုန်းထက်ပိုမိုတင်ပြလာသော အမှန်တန်ဖိုးဖြစ်ပါက အမှန်တန်ဖိုးကိုသာအသုံးပြုရန်၊

- ပြည်တွင်းစက်မှုဇုန်ထုတ်မော်တော်ယာဉ်များမှအပ ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်ရောင်းချသော ပြည်ပကုမ္ပဏီတံဆိပ် မော်တော်ယာဉ်အမျိုးအစားများကို တန်ဖိုးသတ်မှတ်ရာတွင် ရောင်းချသည့်နေ့ရှိ Invoice တန်ဖိုးအတိုင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေလဲလှယ်နှုန်းဖြင့် သတ်မှတ်ရန် ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားပါသည်။

အကယ်၍ ကားတန်ဖိုးကို အလွယ်တကူတွက်ချက်လိုပါက CarsDBCar Price Calculator ကိုအသုံးပြုပြီးလည်း အကောင်းဆုံးတွက်ချက်နိုင်ပါသေးသည်။ အဆိုပါ Calculator သို့ CarsDB website မှတစ်ဆင့်သော်လည်းကောင်း၊ ယခုဖေါ်ပြပါ  Car Price Calculator Link မှတစ်ဆင့်သော်လည်းကောင်းဝင်ရောက်ပြီး အလွယ်တကူတွက်ချက်ကြည့်နိုင်ပါသည်။

Author