မန္တလေး ကညနတွင် ယဉ်သက်တမ်းတိုး ဆောင်ရွက်ရန်အတွက် online booking စနစ် အောက်တိုဘာလ ၁ ရက်က စတင်အသုံးပြုမည်

0

Full article

မန္တလေးတိုင်းအတွင်း မော်တော်ယာဉ် သက်တမ်းတိုး ဆောင်ရွက်ရန် စာရင်းပေးသွင်းခြင်း online booking စနစ်ကို အောက်တိုဘာလ ၁ ရက်မှစ၍ စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း၊ မြောက်ပိုင်း ) တွင်လုပ်ငန်းဆောင်ရွက်သူ ပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် နှစ်လဲမှတ်ပုံတင်သက်တမ်းတိုးမည့် ယာဉ်များ ယာဉ်စစ်ရက်ချိန်းရယူခြင်းနှင့် မော်တော်ယာဉ်မှတ်ပုံတင်မှန်ကန်ခြင်း ရှိ/မရှိ ယာဉ်စစ်ရက်ချိန်းရယူခြင်းတို့အား www.rtad.gov.mm တွင်ကြိုတင်စာရင်းသွင်းသည့်စနစ် (online booking system )ဖြင့် (၁.၁ဝ.၂ဝ၁၈)ရက်နေ့မှ စတင်ပြောင်းလဲ ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

"ယာဉ်သက်တမ်းတိုးဆောင်ရွက်တာနဲ့ ယာဉ်မှန်၊ မမှန် စစ်ဆေးတာကို ဆောင်ရွက်တဲ့သူတွေစနစ်တကျလေးနဲ့ အဆင်ပြေပြေ ဆောင်ရွက်နိုင်အောင်လို့ စီစဉ်ပေးတာပါ။ အောက်တိုဘာလ ၁ ရက်ကစပြီး ဒီစနစ်ကိုစကျင့်သုံးမယ်။ ရုံးဖွင့်ရက် လဆန်း ၁ ရက်နေ့မှ ၂၅ ရက်အထိ online booking စနစ်ကို တစ်ရက်ကားအစီး ၅ဝ စီ လုပ်ငန်းဆောင်ရွက်ပေးသွားမယ်။"ဟု မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နှစ်လဲယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိနှင့် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီခွဲအချိန်အထိ အချိန် ၂ ချိန်ခွဲကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ခရိုင်ရုံး မန္တလေး တောင်ပိုင်းတွင် နံနက်ပိုင်း ကား ၁၅ဝ စီး၊ နေ့လည်ပိုင်း ၁၂၅ စီးနှင့် မန္တလေး ခရိုင်ရုံးမြောက်ပိုင်းတွင် နံနက်ပိုင်း ၂ဝဝ စီး၊ နေ့လည်ပိုင်း ၁၇၅ စီးအား လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Regulation

Author