၂ဝ၁၈ ကားမိုဒယ်သတ်မှတ်ချက် အောက်တိုဘာလတွင် ထုတ်ပြန်သွားမည်ဟုဆို

0

Full article

 

၂ဝ၁၈ မိုဒယ်သတ်မှတ်ချက်အား ယခုလအတွင်း မထုတ်ပြန်တော့ဘဲ အောက်တိုဘာလတွင် ထုတ် ပြန်ပေးသွားမည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနကနေ သိရသည်။

"ဒီလထဲမှာတော့ ကားတင်သွင်းခွင့် မူဝါဒကို ထုတ်မှာ မဟုတ်တော့ဘူး။ရှေ့လ ပထမအပတ်လောက်မှာ ထုတ်ပြန်ကြေညာပေးသွားမှာပါ။ ဒီနှစ်ထဲမှာ ကားသွင်းတာကို တော့ လက်ရှိမူဝါဒအတိုင်း လျှောက်ခွင့်ပေးမှာပါ။"လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။

ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်များကို ယခုနှစ်တွင် အချိန် ၂ လစော၍ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ရာ ဘယ်မောင်းအမျိုးအစားများကိုသာ တင်သွင်းခွင့်ပေးဖွယ်ရှိသည်ဟု သိရ သည်။

ခေတ်သစ်

Author