ယာဉ်အပိုပစ္စည်းများ၊ ကားပိုင်းဆိုင်ရာပြပွဲနှင့် အီလက်ထရောက်နည်းပညာဆိုင်ရာပြပွဲ(2018 AMPA & Power Expo Myanmar) ကို စက်တင်ဘာလတွင်ကျင်းပပြုလုပ်မည်

0

Full article

မြန်မာ့အပြည်ပြည်ဆိုင်ရာ ယာဉ်အပိုပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကားပိုင်းဆိုင်ရာပြပွဲကြီးဖြစ်သော AMPA MYANMAR နှင့်အတူ မြန်မာ့အပြည်ပြည်ဆိုင်ရာ အီလက်ထရောနစ်နည်းပညာနှင့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ ပြပွဲကြီးဖြစ်သော POWER EXPO MYANMAR တို့ကို Yangon Convention Center တွင်စက်တင်ဘာလ ၂၇ မှ ၃ဝ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ယခုကဏ္ဍကြီး(၂)ခုဖြင့်ပြသသွားမည့်ပြပွဲကြီးတွင် တရုတ်၊ဂျာမနီ၊ အိန္ဒိယ ၊ဂျပန်၊ကိုရီးယား ၊မလေးရှား၊မြန်မာ၊ထိုင်ဝမ်၊ထိုင်းနှင့်ဗီယက်နမ်အစရှိသည့်နိုင်ငံပေါင်း (၁ဝ) နိုင်ငံမှလာရောက်ပြသသောလုပ်ငန်းရှင်ပေါင်း  (၁၂ဝ)ကျော်တို့ပါဝင်မည်ဟု သိရသည်။

ပြပွဲသို့ ရန်ကုန်တင်သာမက အခြားနယ်ပေါင်းစုံကပါ လာရောက်လေ့လာသောဧည့်သည် (၅ဝဝဝ) ကျော်မည့်ဟုခန့်မှန်းထားပြီး တစ်ဦးတစ်ယောက်ချင်း ဆွးနွေးနို်င်သော သီးသန့်ဆွေးနွေးပွဲ ၁ဝဝဝကျော်ကိုလဲ ပြပွဲကြီးတွင် စီစဉ်ထားရှိကြောင်းသိရသည်။

အဆိုပါပွဲတွင် မော်တော်ယာဉ်အစိတ်အပိုင်းများ၊ နောက်တွဲယာဉ်အစိတ်အပိုင်းများ၊ ကားအစိတ်အပိုင်းများ နှင့် ပြင်ဆင်ထိန်း သိမ်းခြင်း ကုန်ပစ္စည်းများ၊မော်တော်ဆိုင်ကယ်၊ အသေးစားမော်တော်ဆိုင်ကယ် ၊မော်တော်ဆိုင် ကယ်အစိတ်အပိုင်းများ၊ ပါဝါနှင့်လျှပ်စစ်ပိုင်း ဆိုင်ရာစက်ပစ္စည်းကိရိယာများ၊ စမ်းသပ်ခြင်းနှင့်တိုင်းတာခြင်းကိရိယာများ၊ စက်မှုလုပ်ငန်းသုံးအီလက်ထရောနစ်ကိရိယာများ၊ဘက်ထရီများ နှင့် နာမည်ကြီးလုပ်ငန်းများစွာပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Market

Author