၂ဝ၁၇ ကားတင်သွင်းလိုင်စင်များ CIF တန်ဖိုး ဖြင့်သာစည်းကြပ်ကောက်ခံမည်

0

Full article

_ Photo Credit_

၂ဝ၁၇ ကားတင်သွင်းလိုင်စင်များ CIF တန်ဖိုးဖြင့်သာစည်းကြပ်ကောက်ခံဦးမည်ဖြစ်ပြီး ၂ဝ၁၈ ကားတင်သွင်းမူလိုင်စင်အသစ်များကိုတော့ WTO Valuation အတိုင်း အခွန်စည်းကြပ်သွားမှာ ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံကနေ သိရသည်။

အခြားကုန်ပစ္စည်းများ တင်သွင်းလာခြင်းကိုလည်း နိုဝင်ဘာလမှစ၍ CIF (cost insurance freight) မသတ်မှတ်တော့ဘဲ WTO valuation အတိုင်းတန်ဖိုးဖြတ်စည်းကြပ်မှုဖြင့် စမ်းသပ် ကျင့်သုံးလျက်ရှိရာ ကားများအတွက် တန်ဖိုးဖြတ်သတ်မှတ်ခြင်းကို လာမည့် ၂ဝ၁၈ နှစ်စမှ စ၍ အမှန်တစ်ကယ်ဝယ်ယူခဲ့သော ဈေးနှုန်းအတိုင်း တန်းဖိုးဖြတ်သတ်မှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

၂ဝ၁၈ဇန်နဝါရီလ ၁ ရက် ကစ၍ ပြည်ပက မော်တော်ကားတင်သွင်းမည့် လိုင်စင်အသစ်များကို WTO Valuation အတိုင်း အခွန်စည်းကြပ်သွားမည်ဖြစ်ရာ WTO Valuation အချက် ၆ ချက်ဖြင့် ဈေးနှုန်း သတ်မှတ် ကောက်ခံသွားမှာဖြစ်သည်။

"၂ဝ၁၇ ကားသွင်းတဲ့ လိုင်စင်တွေကို အရင်သတ်မှတ်တဲ့ CIF တန်ဖိုးအတိုင်း အခွန်သတ်မှတ်မယ်။ ၂ဝ၁၈ ကားသွင်းတဲ့ လိုင်စင်အသစ်တွေကို ပဲ WTO Valuation အတိုင်း အမှန်တစ်ကယ် အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ဈေးနှုန်းပေါ်မှာအခွန်စည်းကြပ်မှာပါ။ "ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြည်ပက တင်သွင်းလာသောအင်ဂျင်ပါဝါ ၁၃၅ဝ စီစီ မော်တော်ယာဉ်များကို ၂ဝ၁၇ လိုင်စင်ဖြင့် တင်သွင်းလျှင် လက်ရှိ CIF (cost, insurance,freight) ဆိပ်ကမ်းရောက်တန်ဖိုးသတ်မှတ်ချက်မှာ ဒေါ်လာ ၅ဝဝဝ ဖြစ်ကြောင်းသိရသည်။

R-01

Author