ပဲရစ် မော်တာ ရှိုးပွဲမှာ အတည်ပြု ပြသမယ့် Ferrari ရဲ့ LaFerrari Spider 2017

0

Full article

ပြီးခဲ့တဲ့ ဇူလိုင် ၅ရက်နေ့က Laferrari Spider 2017 ရဲ့ ပုံသုံးပုံ ထွက်ရှိလို့လာပါတယ်။ ကားအရှေ့ပိုင်း တစ်ဖက်တစ်ချက်မှ ရိုက်ကူးထားတဲ့ ပုံ နှစ်ပုံ နဲ့ အပေါ်စိးက ရိုက်ထားတဲ့ ပုံတစ်ပုံပါ။အရှေ့က ထွက်ရှိခဲ့တဲ့ LaFerrari နဲ့ Spider တွေရဲ့ အကြီးဆုံး ကွာခြားချက်ကတော့ ခေါင်မိုးပိုင်းပါပဲ။ Ferrari တွေရဲ့ လောလောလတ်လတ် ထွက်ရှိထားခဲ့တဲ့ မော်ဒယ်တွေရဲ့ ခေါင်မိုးအရှင်တွေဟာ သတ္တု နဲ့ အမာသားတွေကို အသုံးပြုထားတာဖြစ်ပြီး LaF errari Spider ရဲ့ ခေါင်မိုးကတော့ ဖွင့်ပိတ်လို့ရတဲ့ ကာဗွန် ဖိုက်ဘာ အမာ နဲ့ အပျော့သားဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။

LaFerrari ကားတွေဟာ Hybrid System ဖြစ်တာကြောင့် ၆.၃ လီတာ V12 အင်ဂျင် ကို ဘက်ထရီ ပါဝင်တဲ့ 950bhp လျှပ်စစ် မော်တာ တို့ပေါင်းစပ်ပါဝင်ပြီး ခုထွက်ရှိတဲ့ Spider ကိုလည်း ယခင်ကအတိုင်း မပြောင်းလည်းပဲထုတ်လုပ်ထားပါတယ်။

Ferrari ရဲ့ CEO Sergio Marchionne အတည်ပြုတာကတော့ ယခုနှစ်အစောပိုင်းမှာပဲ ထွက်ရှိလာမယ့် Spider ကို ဝယ်နိုင်ခြေရှိတဲ့ Customer တွေကို ပြထားပြီးဖြစ်ပြီး အချို့တွေကတော့ ဝယ်ယူဖို့လည်း အတည်ပြုလိုက်ပြီလို့သိရပါတယ်။

ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောပြထားခြင်းမရှိပေမယ့် ကြိုတင်ရောင်းချခံထားရတဲ့ သူတွေဆီက သတင်းစကားအရ LaFerrari Spider အသစ်တစ်စီးကို အခွန် မပါပဲ ယူရို ၃.၅ သန်း ရှိတယ်လို့ ဆိုပါတယ်။

Reference from Autocar

Author