Chevrolet မှ 2017 အတွက် Malibu ကား မော်ဒယ် အသစ်ကို မြန်မာနိုင်ငံတွင် မိတ်ဆက်

0

Full article


နည်းပညာပိုင်းနှင့် ဒီဇိုင်းပိုင်းတွင် သိသာစွာပြောင်းလဲ လာတဲ့ 2017 Chevrolet Malibu ကားအသစ်ကို ၂၈.၇.၂ဝ၁၇ တွင် Novotel ဟိုတယ်မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ခေတ်မီ ဆန်းသစ်သည့် ဗိသုကာ လက်ရာဟု တင်စားရလောက်သည့် ယခင် မော်ဒယ်များထက် ၆ဝ မီလီမီတာ ပိုမိုရှည်လျားကာ ရှေ့ဘီးနောက်ဘီ အကွာအဝေး ၉၃ မီလီမီတာ ပိုကျယ်လာသည့်အတွက် အလွန်ကျယ်ဝန်းတဲ့ ဆီဒင် အုပ်စုဝင်ကားတစ်စီးလဲဖြစ်ပါတယ်။



ဒါ့အပြင် 2.0 turbocharged အင်ဂျင်ကို တိုက်ရိုက်ဆီပေးစနစ် Direct Injection ဖြင့်တွဲဖက်တပ်ဆင်ပေးထားပြီး မြင်ကောင်ရေအား ၂၅၃ ကောင်အားနှင့် ရုန်းကန်အား ၃၆.ဝ kg.m အထိ ထုတ်လုပ်ပေးနိုင်တာကြောင့် ဆီစားသက်သာပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း အထူးကောင်းမွန်တဲ့ ကားတစ်စီးပါပဲ။


အဆင့်မြင့်ပြီး အလွန်တောင့်တင်ခိုင်မာတဲ့ စတီးဘော်ဒီနှင့် နည်းပညာဖြင့် ကားကိုယ်ထည် အလေးချိန် လျော့ချထားသည့် စနစ်ကြောင့် Malibu ကားသစ်ကြီးဟာ ၁၃ဝ kg ပိုမိုပေါ့ပါးသွားတာကြောင့် မောင်းလို့ကောင်းတဲ့ ကားတစ်စီးလည်းဖြစ်မှာပါ။


"ဒီ Chevrolet ရဲ့ Malibu မော်ဒယ် ကားမော်ဒယ်အသစ်ဟာဆိုရင် – ကားရဲ့ အသွင်အပြင်လက်ရာမြောက်မှု၊ ဒီဇိုင်းပိုင်း၊ စွမ်းဆောင်ရည်နဲ့ ကားလုံခြုံရေးစနစ်တွေဟာ ထင်းထားတာထက် ပိုပြီး ကောင်းမွန်တဲ့ Midsize Sedan ကြိုက်နှစ်သက်သူတွေအတွက် ဖြစ်ပါတယ်" ဟု Pacific Alpine Myanmar Ltd ၏ CEO ဖြစ်သူ ဦးဇော်မိုးခိုင် ကပြောကြားသွားပါသည်။ ထပ်ပြီး "သူ့ရဲ့ အလွန်ကောင်းမွန်တဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကြောင့် ဈေးကွက်ထဲမှာ အပြောင်းအလဲဖြစ်စေမှာပါ" ဟု ထပ်မံပြောကြားသွားပါသည်။


ယခု Malibu ကားသစ်ကို အလွန် အပြိုင်အဆိုင် ကြီးမားသော ဈေးကွက်အတွင်းတွင် အမေရိကန် ဒေါ်လာ ၄၂ဝဝဝ ဖြင့် စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ကာ အသေးစိတ်သိရှိလိုပါက Chevrolet Myanmar ရဲ့ Website လိပ်စာဖြစ်တဲ့ www.chevrolet.com.mm ကိုဝင်ရောက်လေ့လာ၍သော်လည်းကောင် Facebook နှင့် Instagram တို့တွင် Chevrolet Myanmar ကို Follow ထား၍သော်လည်းကောင်း လေ့လာနိုင်ပါသည်။

Author