၂ဝ၁၇ ကားတင်သွင်းခွင့်မူဝါဒကြောင့်ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်သောကားများအရောင်းသွက်လာနိုင်

0

Full article

၂ဝ၁၇ ခုနှစ်တွင် မော်ဒယ်မြင့်ကားများသာတင်သွင်းရတော့မည်ဟု သတင်းများထွက်ပေါ်နေသောကြောင့်ပြည်တွင်းတွင်တပ်ဆပ်ထုတ်လုပ်သော ကားများအရောင်းသွက်လာနိုင်တယ်လို့ ကားတင်သွင်းထုတ်လုပ်ရောင်းချနေသူများက ခန့်မှန်းထားကြပါတယ်။လာမယ့်နှစ် ကားတင်သွင်းခွင့်မော်ဒယ်များရဲ့ စလစ်ကပ်တင်သွင်းရမည့်ကားများမှာ ၂ဝ၁၁ မိုဒယ်ကနေ ၂ဝ၁၄ မော်ဒယ်အထိ၊တစ်ဦးချင်းတင်သွင်းမှူ ဖရီးပါမစ်ကားများအတွက် ၂ဝ၁၅ မိုဒယ်မှ ၂ဝ၁၇ မော်ဒယ်အထိ တင်သွင်းရမည်ဟု သတင်းများထွက်ပေါ်နေသည်။

ထိုကဲ့သို့ မိုဒယ်မြင့်ကားများသာတင်သွင်းရမယ်ဆိုပါက ကားဈေးများမြင့်တက်လာနိုင်ပြီး ပြည်တွင်းတပ်ဆင်ထုတ်လုပ်နေတဲ့ SKD စနစ်နဲ့ကားများ အရောင်းသွက်လာနိုင်တယ်လို့ ကားဈေးကွက်ကျွမ်းကျင်သူများကခန့်မှန်းထားကြပါတယ်။

လာမယ့်နှစ်မှာ မော်ဒယ်မြင့်ကားတွေသွင်းရမယ်ဆိုရင်

အောက်ကားတွေအကုန် ဈေးတက်သွားမယ်။ပြည်တွင်းမှာတပ်ဆင်ထုတ်နေတဲ့ကားတွေကတော့ အရောင်းအဝယ်ကောင်းလာနိုင်တယ်။ CIF ဈေးနှူန်းလျှော့သွားရင်တော့ တစ်မျိူ းပေါ့။ဝယ်လိုအားကတော့နည်းသွားပြီး မိုဒယ်မြင့်ကားတွေလောက်ပဲအရောင်းအဝယ်ဖြစ်လာမှာလို့ ကားဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသူ ကိုအားတီကပြောပါတယ်။

ရန်ကုန်ကားတင်သွင်းမှူကလည်း ရပ်ဆိုင်းထားသဖြင့် မကြာခင်နည်းလမ်းတစ်ခုနဲ့ ပြန်လည်တင်သွင်းရမည်ဟုလည်း သတင်းထွက်ပေါ်နေရာ ကားဈေးကွက်မှာ တစ်ပတ်ရစ်ကားများအသုံးပြုတင်သွင်းရန် မလွယ်ကူတော့ကြောင်းသိရပါတယ်။

ခေတ်သစ်

Author