၂ဝ၁၇ ခုနှစ်တွင် လာဘ်ပေးလာဘ်ယူ ပြုလုပ်၍ အရေးယူခဲ့ရသော ယာဉ်ထိန်းရဲ တစ်ဦးမှ မရှိခဲ့ဟုဆို

0

Full article

၂ဝ၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လာဘ်ပေးလာဘ်ယူ ပြုလုပ်၍ အရေးယူခဲ့ရသော ယာဉ်ထိန်းရဲတစ်ဦးမှ မရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးက သိရသည်။မော်တော်ယာဉ်များစည်းကမ်းဖောက်ဖျက်မှုများရှိသော်လည်း အရေးယူဖမ်းဆီးခြင်းများသာ ပြုလုပ်နေလျှက်ရှိပြီး လာဘ်ပေးလာဘ်ယူ ပြုလုပ်၍ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်ရာ ယခု ၂ဝ၁၇ ခုနှစ်အတွင်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူထားသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးမှ မရှိကြောင်း သိရပါသည်။

"ဒီနေ့အထိ လာဘ်ပေးလာဘ်ယူလုပ်လို့ အရေးယူထားတာ တစ်ယောက်မှ မရှိသေးပါဘူး။ အရင်နှစ်တွေကတော့ ရှိတယ်။ တစ်ကယ်လို့ လာဘ်ပေးလာဘ်ယူ လုပ်နေတာ အထောက်အထား နဲ့ တိုင်ကြားလာရင် ရဲစည်းကမ်း အရအရေးယူသွားမှာပါ"လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးက သိရသည်။

၂ဝ၁၆ ခုနှစ်တွင် တပ်ဖွဲ့ဝင်စည်းကမ်းမလိုက်နာ၍ အကြောင်းအမျိုးမျိုးကြောင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် တပ်ဖွဲ့မှ ထုတ်ပယ်သည်အထိ အရေးယူခဲ့မှုများ ရှိခဲ့ကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အရာရှိနှင့် အခြားအဆင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဦးရေ ၉ဝဝ ခန့် ရှိပြီး ရုံးလုပ်ငန်းများ နှင့် စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူရန် ယာဉ်အချက်ပြ မီးပွိုင့်များ၊ ယာဉ်မှူးစစ်လုပ်ငန်းများတွင် တာဝန်ချထားလျှက်ရှိကြောင်း သိရသည်။

Author