Full article

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ရက် သောကြာနေ့တွင် CarsDB မှတင်ဆက်ပေးပြီး Max Energy မှ အဓိက ကူညီပံ့ပိုးပေးသွားတဲ့ 2016 CarsDB Roadshow ကြီးကို Junction Square ရဲ့ Aqua Hall တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ထိုပွဲတွင် CarsDB ရဲ့ New Feature ဖြစ်တဲ့ Cars Accessory Marketplace နှင့် CarsDB Club Membership Program တို့အား စတင်မိတ်ဆက်ပေးခဲ့ပြီး ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်များကိုလည်း ခုရိုက်ခုယူ အမှတ်တရ ဓာတ်ပုံများ ရိုက်ပေးခြင်း၊ ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များတွင် ပါဝင်ကစားခြင်းတို့အပြင် CarsDB နှင့်အတူ Shell Service Center, Manhattan FISH MARKET နှင့် Yakun တို့မှ ဆုများချီးမြှင့်ခဲ့ပါတယ်။

ထို့အပြင် အဆိုတော် အောင်ထက်နှင့် အိမ်ချစ်တို့မှ တေးသံသာများနှင့် မြူးကြွစွာ ဖျော်ဖြေပေးခဲ့ပြီး အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ၂သိန်းတန် Car GPS ၊ Nihon မှ ၁သိန်းခွဲတန် Gift Voucher၊ ငါးသောင်းသုံးထောင်တန် Gift Voucher များကိုလည်း မဲဖောက်ချီးမြှင့်ပေးခဲ့ပါတယ်။

Author