၂ဝ၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး ဥပဒေအသစ်ထွက်ပေါ်လာမည်

0

Full article

![](/redline/content/images/2017/06/qeqwe-300x210.jpg)

_ Photo Credit_

၁ နှစ်အကြာထုတ်ပြန်ထားရှိသော၂ဝ၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးဥပဒေသစ်ကို မကြာခင်ထွက်ပေါ်လာမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။ ၁၉၆၄ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းခဲ့ပြီး ၂ဝ၁၅ ခုနှစ် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း အကြောင်းအမျိူးမျိူးကြောင့် အသစ်ပြန်လည် ရေးဆွဲနေတယ်လို့ သိရပါတယ်။ မော်တော်ယာဉ်ဥပဒေသစ်ကိုစက်တင်ဘာလတွင် ထွက်ရှိမည် ဖြစ်ပြီး ယင်းအသစ်ထွက်ရှိလာမယ့် မော်တော်ယာဉ်ဥပဒေသစ်တွင်လည်း ယာဉ်စီးကမ်းလမ်းစည်းကမ်းဆိုင်ရာ အခန်းကဏ္ဍများနှင့် မော်တော်ယာဉ်ယာဉ်စီးခြင်းများပါဝင်နေတယ်လို့ သိရသည်။ အသစ်ပြဌာန်းမယ့် ဥပဒေသစ်ထွက်ရှိပြီးတာနဲ့ အရင်ဥပဒကို ရုပ်သိမ်းမှာဖြစ်ပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပြစ်ဒဏ်တွေကတော့ အရင်နဲ့သိပ်ကွာမှာ မဟုတ်ပါဘူးဟု မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။ မော်တော်ယာဉ် ဥပဒေအသစ်ထွက်ရှိမည်ဖြစ်သော်လည်း နည်းဥပဒေပိုင်းအား ရေးဆွဲမှူ အချိန်ကြာမြင့်နိုင်သေးတယ်လို့လည်းသိရပါတယ်။ အသစ်ထွက်ရှိမယ့် မော်တော်ယာဉ် ဥပဒေအသစ်အား ဥပဒေလေ့လာဆန်းစစ်ရေး ကော်မတီသို့ တင်ပြထားရာ မကြာခင်အတည်ပြု ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

ခေတ်သစ်

Author