Full article

ကားတင်သွင်းခွင့်များအား ထိန်းချုပ်ကန့်သတ်သည့် ကားပါကင်၊ ပါမစ်သက်တမ်းနှင့် Recodonition အချက် (၆) ချက် စသည့်မူဝါဒ အပြောင်းအလဲများကြောင့် (၂ဝ၁၅) ခုနှစ်ကားဈေးကွက်မှာ ရောင်းလိုအားများ၍ ဝယ်လိုအားနည်းကာ ဈေးကွက်ဝေစုခွဲဝေယူရသည့် ဈေးကွက်ကျဉ်းမြောင်းမှု ဖြစ်လာနိုင်ကြောင်း ကားလုပ်ငန်းရှင်အချို့မှာ သုံးသပ်ထားသည်.။

နယ်ဝယ်လက် အားထားနေရသည်ဟုဆိုသော်လည်း မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ကားဈေးကွက်မှာ အကြီးမားဆုံးဖြစ်၍ အထက်ပါကန့်သတ်ချက်များကြောင့် ကားတင်သွင်းမှုမှာ နည်းပါးသွားနိုင်ကြောင်း ကားလေလံကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးက ပြောပြခဲ့သည်.။ ကား Showroom များမှာ ကွန်ဆိုင်းမန့်စနစ်ဖြင့် ဝယ်ယူတင်သွင်းခွင့်ရောင်းချနိုင်ခြင်းကြောင့် ကားတင်သွင်းနိုင်မှု ရှိနိုင်သော်လည်း ဝယ်သူဘက်မှ အားနည်းနိုင်ကြောင်းသိရသည်.။ ရောင်းလိုအားများကာ ဝယ်လိုအားနည်းသည်နှင့်အမျှ ဈေးကွက်ဝေစုခွဲဝေယူရခြင်းကြောင့် (၂ဝ၁၅) ခုနှစ်ကားဈေးကွက်မှာ ကျဉ်းမြောင်းလာနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်ကသုံးသပ်ပြသည်.။

ကျွန်တော့်အမြင်ပေါ့လေ။ Market ထဲမှာ ရန်ကုန်ကားဈေးကွက်က အကြီးဆုံး။ ကားများလွန်းလို့ ထိန်းချုပ်ရတာပဲကြည့်။ ကန့်သတ်မှုတွေလုပ်လာတော့ ကားသွင်းတဲ့သူနည်းသလို ဝယ်တဲ့လူလည်း နည်းနိုင်တယ်။ သွင်းတဲ့လူကတော့ ပုံမှန်ပဲသွင်းတောင် ဝယ်မယ့်သူက နည်းနိုင်တယ်.။ ဈေးကွက်ကျဉ်းသွားနိုင်တယ်လို့ ခန့်မှန်းရတယ် ဟုရှင်းပြခဲ့သည်.။

လတ်တလောအချိန်တွင် နှစ်ကုန်ဆုံးချိန်ဖြစ်ပြီး ဂျပန်လေလံများ ပိတ်ထားကာ မြန်မာနိုင်ငံတွင်းတွင်လည်း (၂ဝ၁၄) ခုနှစ်အတွက် ကားတင်သွင်းခွင့်ပါမစ်များ ပိတ်ထားပြီးဖြစ်သည့်အတွက် ကားမှာယူမှုများမရှိသေးဘဲ အားလုံးရပ်နားထားကြောင်းသိရသည်.။

ရွှေစံ (Auto World)

www.myanmarcarsdb.com

Author