Full article

မော်တော်ယာဉ်မူဝါဒပြောင်းလဲလိုက်ပြီးနောက် မြန်မာနိုင်ငံတွင် တစ်နေ့တစ်ခြား ကားများပိုမိုများပြားလာ၍ ယာဉ်ကျောများလည်း ပိုမိုရှုပ်ထွေးလာလျက်ရှိသည်ကို တွေ့မြင်နေရပါသည်။ ယာဉ်ကျောကြပ်တည်းသောမြို့ပြများတွင် ကျောင်းသားတစ်ဦးအနေဖြင့် အချိန်အမြောက်အမြားကို ကျောင်းကားစီးလျက်ကုန်လွန်နေရသဖြင့် မိဘများအနေဖြင့် မိမိတို့၏သားသမီးများကို ကျောင်းသို့ ပို့ဆောင်ရာတွင် Safe ဖြစ်မည့် ကားများကိုရွေးချယ်အသုံးပြုသင့်ပါသည်။ အထူးသဖြင့် ပိုမိုလုံခြုံစိတ်ချရပြီး လူအများကို သက်တောင့်သက်သာနှင့် အဆင့်မြင့်မြင့်တင်ဆောင်ပေးနိုင်မည့် ကားအမျိုးအစားများခေတ်စားလာမည်ဖြစ်ရာ ကျောင်းကြိုပို့လုပ်ငန်း အတွက်အထူးသင့်တော်သည့် ၁၂ ယောက်စီး Hyundai H1 (Starex) နှင့်မိတ်ဆက်ပေးလိုပါသည်။

H1-Black1Hyundai Starex ဟု မြန်မာနိုင်ငံတွင် လူသိများသော Hyundai H1 ကို မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော Hyundai Motor Myanmar Showroom တွင်တင်သွင်းရောင်းချလျက်ရှိပြီး တောင်ကိုရီးယားနိုင်ငံမှ တိုက်ရိုက်တင်သွင်းထားသည့် Brand New ကားများဖြစ်ပါသည်။

H1 သည် အင်ဂျင်ပါဝါ ၂.၅ စီစီ ရှိ ၁၂ ယောက်စီး ကားအမျိုးအစားဖြစ်ပြီး ဒီဇယ်အင်ဂျင်ကိုအသုံးပြုထားပါသည်။ ဒီဇယ်အင်ဂျင်ဖြစ်သည့် အတွက် ဆီစားသက်သာသောအားသာချက်ရှိပါသည်။ Manual ဂီယာ၊ အော်တိုဂီယာ နှစ်မျိုးဖြင့်ရရှိနိုင်ပြီး မြန်မာနိုင်ငံ၏လမ်းစနစ်အရ ပို၍လုံခြုံစိတ်ချရသော ဘယ်မောင်းအမျိုးအစား ဖြစ်ပါသည်။ အထူးသဖြင့် ယာဉ်၏ဘယ်ညာနှစ်ဖက်လုံးတွင် တွန်းဖွင့်နိုင်သည့် Slide Door နှစ်ခုပါရှိသည့်အတွက် ယာဉ်အဆင်းအတက် အလွန်အဆင်ပြေစေပါသည်။ ယာဉ်အရွယ်အစားမကြီးလွန်းသည့်အတွက်လည်း ယာဉ်ကျော ကြပ်တည်းသည့်အချိန်များတွင် အခက်အခဲမရှိမောင်းနှင်နိုင်မည်ဖြစ်ပါသည်။

လုံခြုံရေးစနစ်အနေဖြင့် လေအိတ်ပါဝင်သည့်အပြင် ယာဉ်နောက်ဆုတ်ချိန်တွင် အသံပြုအချက်ပေးနိုင်သည့် Back Up Warning စနစ် ပါရှိပါသည်။ Round Air-con ပါရှိခြင်း၊ ပစ္စည်းတင်ရန်အတွက် နောက်ခုံများကို လှည့်နိုင်ခြင်း (သို့) ချိုးချနိုင်ခြင်း၊ သပ်ရပ်လှပသော အတွင်းခန်းပါရှိခြင်းတို့ကလည်း H1 ၏ အားသာချက်ဖြစ်သည်။

Hyundai Motor Myanmar Showroom တွင် Hyundai H1 (Manual) ကို ၂၉၁ သိန်း၊ H1 (Auto) ကို ၃၂၆ သိန်းဖြင့် ရောင်းချပေးလျက်ရှိပြီး လက်ငင်းဖြစ်စေ၊ အရစ်ကျဖြစ်စေ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ Brand New ဖြစ်သည့်အားလျော်စွာ ၃ နှစ် (သို့) ကီလို ၁ သိန်း အာမခံပေးထားပါသည်။ ထို့အပြင် အပိုပစ္စည်းများကိုလည်း Hyundai Showroom ၏ Spare Parts Center တွင် အလွယ်တကူဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ Hyundai H1 ကိုစိတ်ဝင်စားသော Customer များအနေဖြင့် Hyundai Motor Myanmar Showroom အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ဝ၁-၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ သို့ဖြစ်စေ၊ အမှတ် (၁ဝ)၊ လမ်း ၄ဝ၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ ဖုန်း ဝ၂-၃၆၇၉၇ သို့ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

Author