၂ဝ၁၄ နှင့်အထက် မော်ဒယ်ကားများ ပါကင်ခွင့်ပြုနိုင်ဟု သတင်းထွက်ပေါ်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားတင်သွင်းမှုကို ၂ဝ၁၄ နှင့်အထက် မော်ဒယ်ကားများသာ ပါကင်စနစ်တင်သွင်းခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်နေလျှက်ရှိကြောင်း ကားဈေးကွက်အတွင်းမှကြားသိရသည်။ ထိုသို့ ၂ဝ၁၄ နှင့်အထက်ကားများဖြစ်သော မိုဒယ်မြင့် brand new ကားများကိုသာ ပါကင်ခွင့်ပြုမည်ဆိုပါက မော်ဒယ်နိမ့်ကားရောင်းချနေသည့် ဈေးကွက်ပျက်သွားနိုင်ကြောင်းသိရသည်။ သတင်းတွေက အမျိုးမျိုးထွက်နေတယ်။ မော်ဒယ်မြင့် ၂ဝ၁၄ နဲ့အထက်ကားတွေကိုပဲ ရန်ကုန်ကားတင်သွင်းခွင့်ပေးမယ်ဆိုရင်ဈေးကွက်တော်တော်လေးပျက်သွားနိုင်တယ်။ အဓိက က ရန်ကုန်ကိုသာရောင်းရတာ။ လူတန်းစားကလည်း အမျိုးမျိုးပဲ အနိမ့်ကားဝယ်စီးတဲ့ သူက ပိုများတယ်။ ဒီသတင်းသာအမှန်ဆိုရင် မော်ဒယ်နိမ့် ကားဈေးကွက်ပျက်သွားနိုင်တယ်။ ဟုကားဝယ်ရောင်းပြုလုပ်သူများက ဆိုသည်။

ရန်ကုန်ကားတင်သွင်းမှု ပိတ်ထားသည်မှ ၃လကျော်ကြာမြင့်နေသော်လည်း အစိုးရအဖွဲ့မှ တိကျသည့် သတင်းမထုတ်ပြန်ပေးသကဲ့သို့ ကားဈေးကွက်တွင်လည်း ဖြစ်လာနိုင်သည့် အခြေအနေကို စိုးရိမ်၍ ကားအရောင်းအဝယ်မပြုလုပ်ကြကြောင်းသိရသည်။
ခေတ်သစ်

Author