Cadillac ကုမ္ပဏီအတွက် Green Car Technology Award ကို ၎င်းတို့ကုမ္ပဏီထုတ် Plug-in ဇိမ်ခံကား အမျိုးအစားသစ် Cadillac ELR က ဆွတ်ခူးပေး ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က ဝါရှင်တန် ကားပြပွဲ၌ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ တွေ့နေကျ လျှပ်စစ်အသုံးပြု မောင်းနှင်မှု စွမ်းဆောင်ရည်စနစ်ကို ပိုပြီး စိတ်ဝင်စားမှု ရှိအောင် ပေါင်းစပ်ပေးနိုင်တဲ့ Cadillac ရဲ့ နည်းပညာက ပါးပါးနပ်နပ် ပေါ်ထွက်လာတာဖြစ်ပြီး ကားမောင်းနှင်မှု အတွေ့အကြုံမှာ ရှုထောင့်သစ်တစ်ခုကို ဖြည့်စွက်ပေးပါတယ်"ဟု ဆုရွေး ချယ်ပေးအပ်ခဲ့သည့် The Green ဂျာနယ် အယ်ဒီတာနှင့် ထုတ်ဝေသူ Ron Cogan ကပြောကြားခဲ့သည်။ Hybrid နှင့်လျှပ်စစ်ကား များ၌တွေ့ရသော Regenerative Braking System အများစုကဲ့သို့ပင် Cadillac ELR ၏ လျှပ်စစ်မိုတာမှာ ကုန်ဆုံးသွားသည့် စွမ်းအင်ကို ဘရိတ်နင်းထားချိန်တွင် ပြန်လည်ရယူ၍ ဘက်ထရီကို အားဖြည့်ပေး နိုင်သော်လည်း အခြားစနစ်များနှင့် ကွဲပြားခြားနားသည့် အချက်မှာ ယာဉ်မောင်းသူအနေဖြင့် ယင်းသိုလှောင်ထားသည့် စွမ်းအင်ကို စတီယာရင်တွင် ပါရှိသည့် ခလုတ်များနှိပ်ကာ အသုံးပြုနိုင်စေခြင်း ဖြစ်သည်။ Plug-in ကားအမျိုးအစား Cadillac ELR သည် ယခုဆုကို ပြိုင်ဘက် အမှတ်တံဆိပ်များ ဖြစ်သည့် Acura ၊ Audi ၊ BMW ၊ Ford ၊ Honda ၊ Hyundai ၊ Mazda ၊ Porsche နှင့် Ram တို့၏ နည်းပညာများအား ကျော်ဖြတ်ကာ ရရှိခဲ့ခြင်း ဖြစ်သည်။
Ref: Automobile
Comments