Full article

(၂ဝ၁၄) ခုနှစ်အတွင်း လျှောက်ထားခဲ့သော လက်ကျန်ပါမစ်များ သက်တမ်းမကုန်ဆုံးခင် တင်သွင်းရန်အတွက် လေလံတွင် ဝယ်လိုအားများကာ ဈေးတက်လာကြောင်း သိရသည်.။ ပါမစ်သက်တမ်း (၃) လပြည့်ပြီးပါက သက်တမ်းထပ်မံတိုးပေးခြင်း ပြုလုပ်ပေးမည်မဟုတ်တော့သဖြင့် သက်တမ်းမကုန်ခင် ကားများအပြိုင်အဆိုင်တင်သွင်းလာခြင်းဖြစ်ကြောင်း ကားလေလံကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးက ပြောသည်.။

ထို့အပြင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) မှ မတ်လ (၃၁)ရက်နေ့ နောက်ပိုင်းမှ အခွန်နှုန်းထားများကို အပြည့်ကောက်ခံတော့မည်ဖြစ်ရာ အခွန်လျှော့ပေါ့သည့်အတွင်း ပါဝင်ရန် တင်သွင်းလာကြကြောင်း သိရသည်.။ ဝယ်လိုအားများသည့်အတွက် လေလံတွင် ဈေးနှုန်းများမြင့်ပြီး ပြည်တွင်းစီးနင်းမှုများသော ကားအမျိုးအစားများသာ တင်သွင်းမှုများကြောင်း သိရသည်.။

MyanmarCarsDB မှ ကားများကိုကြည့်ရန်

(1300 CC) အင်ဂျင်ပါဝါရှိ Probox မှာ ဝယ်လိုအားပြန်တက်လာပြီး AD Van မှာ ဝယ်လိုအား အနည်းငယ်လျော့နည်းသွားကြောင်း သိရသည်.။ စလစ်ကပ်ရန်အတွက် Kluger နှင့် Surf ကားအမျိုးအစားများ ဝယ်လိုအားများကာ Hiject ကဲ့သို့ လုပ်ငန်းသုံး Truck ကားများမှာလည်း ဝယ်လိုအားကောင်းကြောင်း သိရသည်.။

Probox ဘာဖြစ်မှန်းမသိဘူး။ အဝယ်ပြန်လိုက်နေတယ်။ ဇန်နဝါရီ နောက်ဆုံးပတ်ထဲမှာ ကားသွင်းတာအပြိုင်အဆိုင်ပဲ.။ အခွန်လျှော့တဲ့အကျိုး ခံစားခွင့်ပါအောင် သွင်းကြတာ။ လေလံမှာ ဈေးတွေမြောက်နေတယ်.။ ဒါပေမယ့် ဒီမှာ ဈေးမခေါ်ရဲဘူး.။ ဖေဖော်ဝါရီ (၁) ရက်မှာစမယ့် နံပါတ်မယူရင် တစ်ရက်ဒဏ်ငွေ (၃ဝဝဝ) ထဲပါမှာစိုးလို့ လက်ကျန်ကားတွေ မြန်မြန်ရှင်းနေရတယ် လို့ အဆိုပါပုဂ္ဂိုလ်က ပြောသည်.။

(၂ဝ၁၄) ခုနှစ်အတွင်း လျှောက်ထားသော ကားပါမစ်များအတွက် ကားပါကင်ထောက်ခံချက် မလိုဘဲ (၂ဝ၁၅) ခုနှစ်အတွင်း Free Permit ဖြင့်တင်သွင်းမှုအတွက် ကားပါကင်ထောက်ခံချက်လိုအပ်ပြီး အဆိုပါ ပါမစ်တစ်စောင်လျှင် ကျပ် (၈) သိန်းနှင့် (၉) သိန်းကြား ပေါက်ဈေးရှိနေကြောင်း သိရသည်.။

ရွှေစံ

ဖေဖော်ဝါရီ (၆) – (၁၂) ၊ ၂ဝ၁၅ ရက်နေ့ထုတ် Auto World ဂျာနယ်မှ ကူးယူဖော်ပြသည်.။

No.1 Car Site in Myanmar

www.myanmarcarsdb.com

Author