Full article

၂ဝ၁၄ ခုနှစ်အတွက် ပါမစ်အမျိုး အစားအလိုက် တင်သွင်းခွင့်ပြုသည့် Model Year များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်၍ လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ နှင့် ယန္တရားယာဉ်များ တင်သွင်းခွင့်ကို ယာဉ်အမျိုးအစားအလိုက် ကြေညာခဲ့ရာ ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုး လျှောက်ထားမှုတွင်

P9030036

(၁)လူစီးမော်တော်ယာဉ်များကို ၂ဝဝဝ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း

(၂) ၁၃၅ဝ စီစီနှင့်အောက် လူစီးယာဉ်များကို ၂ဝဝဝ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း

(၃) ကုန်တင်ယာဉ်များကို ၂ဝဝဝ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း

(၄) ခရီးသည်တင်ယာဉ်များကို ၂ဝဝဝ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း ခွင့်ပြုခဲ့သည်။

နိုင်ငံခြား ငွေစာရင်းဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ပို့ကုန်။သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြားရေးဝန်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပအလုပ်သမားများ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်။ခရီး လုပ်ငန်း ရှင်များ မော်တော်ယာဉ်လျှောက်ထားမှုအတွက်

(၁) လူစီးမော်တော်ယာဉ်များကို ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း

(၂) ၁၃၅ဝ စီစီနှင့် အောက်လူစီးယာဉ်များကို ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း

(၃) ကုန်တင်ယာဉ်များကို ၂ဝဝ၄ ခုနှစ် မှ ၂ဝ၁၄ ခုနှစ်အတွင်း

(၄) ခရီးသည်တင်ယာဉ်များ(Express) ကို ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် အတွင်း ရှိ ဘယ်မောင်းကားများ (၅)ခရီးသည်တင်ယာဉ်များ၊ မြို့တွင်း ပြေးဆွဲယာဉ်များ၊(Mini Bus/City) များကို ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်းရှိ ဘယ်မောင်းကားများကို ခွင့်ပြုခဲ့သည်။

တိုင်း၊ပြည်နယ်ဒေသကြီး အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် တက္ကစီ လျှောက်ထားမှုအတွက် လူစီးယာဉ် များကို ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း ခွင့်ပြုခဲ့သည်။ ပုံမှန် လိုင်စင်အဖြစ် မော်တော်ယာဉ် လျှောက်ထားမှု(FOC စနစ်ဖြင့် ပြည်ပမှလှူဒါန်းသည့် မော်တော် ယာဉ်ပါမစ် လျှောက်ထားမှု) အတွက်

(၁) လူစီးမော်တော်ယာဉ် များကို ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် အတွင်း

(၂) လုပ်ငန်းသုံးယန္တရားများကို ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် အတွင်း

(၃) မီးသတ်ကားများကို ၁၉၉၈ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း

(၄) လူနာတင်ယာဉ်များကို ၁၉၉၈ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း

(၅) နိဗ္ဗာန်ယာဉ်များကို ၁၉၉၈ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း

(၆) သာသနာ ရေးဆိုင်ရာ ယာဉ်များကို ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း

(၇) ခရီးသည်တင်ယာဉ်များ(Express) ကို ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် အတွင်းရှိ ဘယ်မောင်းကားများ

(၈) ခရီးသည်တင်ယာဉ်များ၊ မြို့တွင်း ပြေးဆွဲယာဉ်များ၊ (Mini Bus/City Bus) များကို ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်းရှိ ဘယ်မောင်းကားများ ခွင့်ပြုခဲ့သည်။

အစိုးရဌာနများမှ မော်တော်ယာဉ်လျှောက်ထားမှုအတွက်

(၁)လူစီးမော်တော်ယာဉ်များကို ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း

(၂)လုပ်ငန်းသုံးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် ယန္တရားများကို ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း ခွင့်ပြုခဲ့သည်။

နိုင်ငံတော်အတွက် လှူဒါန်းသည့် မီးသတ်ကားနှင့် လူနာတင်ယာဉ်များ လျှောက်ထားရာတွင် လျှော့ပေါ့လျှောက်ထားပါက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။

Ref: Automobile

Author