၂ဝဝ၇ ခုနှစ် မော်ဒယ်နှင့် အထက်မော်တော်ယာဉ်များ တင်သွင်းရန် လိုအပ်ချက်များ
မော်တော်ယာဉ်တင်သွင်းလိုလျှင် လိုင်စင်လျှောက်ထားရမည့်နေရာမှာ-
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
ရုံးအမှတ်(၃)၊ နေပြည်တော်နှင့် ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၊
ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ ရန်ကုန်မြို့
တို့တွင် လာရောက်လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရာတွင် လိုအပ်သည်အချက်အလက်များမှာ-
၂ဝဝ၇ ခုနှစ်မော်ဒယ်နှင့် အထက် မော်တော်ယာဉ်တင်သွင်းခွင့် ပြုရာတွင် ဆောင်ရွက်ရမည့်အစီအစဉ်
၁။ ကားတင်သွင်းခွင့် လျှောက်ထားရာတွင် လျှောက်လွှာတွင် ပါဝင်ရမည့် အချက်အလက်များ
(က) အမည် –
(ခ) အဘအမည် –
(ဂ) နိုင်ငံစီစစ်ရေးကဒ်အမှတ် –
(ဃ) နိုင်ငံခြားငွေစာရင်းအမှတ် –
(င) ဘဏ်ရှိငွေပမဏ –
(စ) တင်သွင်းလိုသည့်မော်တော်ယာဉ် –
အမျိုးအစား ထုတ်လုပ်သည့်ခုနှစ်
(ဆ) ဆိတ်ကမ်းရောက်မော်တော်ယာဉ် –
တန်ဖိုး
(ဇ) နေရပ်လိပ်စာ –
၂။ ပါရှိရမည့် အထောက်အထားစာရွက်များ
(က) မှတ်ပုံတင်/နိုင်ငံသားစီစစ်ရေးကဒ ်မှုရင်းနှင့် မိတ္တူ
(ခ) ဘဏ်စာအုပ်မှုရင်းနှင့် မိတ္တူ
(ဂ) အိမ်ထောင်စုစာရင်း မိတ္တူ
(ဃ) တင်သွင်းမည့် မော်တော်ယာဉ် Invoice မှုရင်း
(င) မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီမှ စီစစ်ခွင့်ပြုခဲ့သည့် စာရင်း
ခေါင်းစဉ်တွင်ပါဝင်သော သင်္ဘောသားများ၊ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင် သည့် အလုပ်သမားများ၊ နိုင်ငံခြားသံရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သောဝန်ထမ်းများအပါအဝင် လူပုဂ္ဂိုလ် တစ်ဦးချင်းအားခွင့်ပြုပါမစ်ထုတ်ပေးခဲ့သည့် စာရင်းတွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက်။