Full article

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု စလစ်ဖြင့် နှစ်အလိုက်မိုဒယ် ပြန်လည်တင်သွင်းရာ၌ လာမည့် ၂ဝ၁၅ ခုနှစ်တွင် ပြည်တွင်းသို့ ၂ဝဝ၃ မှ ၂ဝဝ၉ ခုနှစ်မိုဒယ်အထိ မော်တော်ယာဉ်များ တင်သွင်းလာနိုင်ကြောင်း ပြည်တွင်း မော်တော်ယာဉ်လုပ်ငန်းရှင်များက ခန့်မှန်း သုံးသပ်ပြောကြားခဲ့သည်။2009-M-Cars

မော်တော်ယာဉ်မူဝါဒ ပေါ်လစီပြောင်းလဲမှုကို ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်အလိုက်မိုဒယ် တင်သွင်းမှုများကိုလည်း တစ်နှစ်ထက် တစ်နှစ် မိုဒယ်ခုနှစ်ကို တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း၊ ယင်းတို့အနက် လာမည့် ၂ဝ၁၅ ခုနှစ်တွင် နှစ်အလိုက် မိုဒယ်တင်သွင်းမှုမှာ ၂ဝဝ၃ မိုဒယ်မှ ၂ဝဝ၉ မိုဒယ်အထိ ယာဉ် များ တင်သွင်းနိုင်ရန် ခန့်မှန်း ထားကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။ "လုပ်ငန်းရှင်တွေကတော့ ဒီ လိုခန့်မှန်းကြတာပဲ၊ မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်မူဝါဒက အပြောင်းအလဲမြန်တော့ အမြဲစောင့်ကြည့်နေ တဲ့သဘောပဲ၊ ဒါကို အသင်းအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆွေးနွေးနေတာ ရှိတယ်၊ အတတ် နိုင်ဆုံးကတော့ အောက်ကား မသွင်းစေချင်တဲ့ သဘောပဲ၊ အခုဆို မြန်မာနိုင်ငံက ကားအဟောင်းဝယ်တဲ့ အမှိုက်ပုံဖြစ်နေတယ်၊ ဒါကိုလည်း သဘောမကျကြဘူး၊ ဒါကို ပြင်ဆင်ချင်တဲ့အတွက် မိုဒယ်တိုးမြှင့်ပြီး သွင်းခွင့်ပေးရင် အောက်ကားတင်သွင်းမှု လျော့နည်းလာမယ်၊ ဖြစ်လာမယ်ဆိုရင်တော့ ကောင်းမှာပါ" ဟု မြန်မာနိုင်ငံ မော်တော် ယာဉ် ထုတ်လုပ်တင်သွင်းမှုနှင့် ကုန်သွယ်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကားဟောင်းစလစ်အပ်၍ နှစ်အလိုက်မိုဒယ် ပြန်လည် တင်သွင်းမှု တွင် ၂ဝ၁၂ ခုနှစ်၌ ၁၉၉၆ မိုဒယ် မှ ၂ဝဝ၆ မိုဒယ်အထိ၊ ၂ဝ၁၃ ခုနှစ်တွင် ၁၉၉၇ မိုဒယ်မှ ၂ဝဝ၇ မိုဒယ်အထိ၊၂ဝ၁၄ ခုနှစ်တွင် မို ဒယ်ခုနှစ်အလိုက် သုံးနှစ် ကျော်၍ ၂ဝဝဝ မှ ၂ဝဝ၈ မိုဒယ်အထိ တင်သွင်းခွင့် ပြုခဲ့ကြောင်း၊ လာမည့် ၂ဝ၁၅ ခုနှစ်တွင် ၂ဝဝ၃ မှ ၂ဝဝ၉ မိုဒယ်အထိ တင်သွင်းခွင့်ပြုနိုင်ကြောင်း သိရသည်။

Ref: Automobile

Author