ယာဉ်အိုယာဉ်ဟောင်းအပ်နှံမည့် ကားအစီးရေ ၂ဝဝ အားစီစစ်ပြီးပါက လူစီးစလစ်ထုတ်ပေးသွားမှာဖြစ်ရာ City bus ကားများနဲ့ ဘီအမ်ကားများပါဝင်ကြောင်းသိရပါတယ်။
ခရီးသည်တင်ယာဉ်တွေ အပ်နှံမယ်ဆိုရင် မထသကိုစာရင်းတင်ပြပီးအပ်နှံခွင့်ပေးသွားမှာပါ။နောက်ထပ်တင်ပြထားတာလည်း အစီး ၂ဝဝ လောက်ရှိနေပါတယ်။ကညနမှာ စီအမ်ဂျီ စလစ်ကိုလည်းကားနဲ့အတူတစ်ပါးတည်းအပ်နှံရမှာဖြစ်ပါတယ်လို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောပါတယ်။
လက်ရှိ ခရီးသည်တင်ကားများအပ်နှံပြီး လူစီးစလစ်ထုတ်ပေးထားတဲ့ ကားအရေအတွက်မှာ ၁၅ စီးရှိနေပြီး ထပ်မံ၍ အပ်နှံခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ခရီးသည် အိုဟောင်းယာဉ်များဖြစ်နေတဲ့ ဒိုင်နာကားတွေကို အပ်နှံခွင့်ပြုမှာမဟုတ်သေးဘဲ ဘီအမ်ကားများကို အရင်ဆုံးအပ်နှံခွင့်ပေးတာဖြစ်တယ်လို့သိရပါတယ်။
ခေတ်သစ်