ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ် ပါမစ်လျှောက်ထားမည့်ကားများကို ဒီဇင်ဘာ ၃၁ ရက်အထိခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော်က သိရပါတယ်။တစ်ဦးချင်းကားတင်သွင်းရာတွင် လျှောက်ထားတဲ့ပါမစ်နှင့်ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်တင်တွင်းတဲ့ပါမစ်လျှောက်ထားမှူများကို ဒီဇင်ဘာ ၂ဝ ရက်ကနေစပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်ရာ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ် ပါမစ်လျှောက်ထားခြင်းကို ပြန်လည်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စလစ်ကပ်ပါမစ်လျှောက်ထားတာကို ခွင့်ပြုပေးပီးသည့်စောင်ရေဒီဇင်ဘာ ၁၂ ရက် မှ ၁၅ ရက်နေ့အထိ ပါမစ်အစောင်ရေ ၁၈၃ စောင်ခွင့်ပြုပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။
ခေတ်သစ်