၂ဝ၁၈ ဇန်နဝါရီ လမှစ၍ သက်တမ်းနှစ် နှစ်ဆယ် ၁၉၉၈ မိုဒယ်ကားများ စတင်အပ်နှံခွင့်ပေးမည်

0

Full article

ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစီမံချက်အရ ၂ဝ၁၈ ဇန်နဝါရီ လမှစ၍ သက်တမ်းနှစ် နှစ်ဆယ် ၁၉၉၈ မိုဒယ်ကားများ စတင်အပ်နှံခွင့်ပေးမှာ ဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကနေ သိရပါသည်။

ထို လူစီးကားများဖြစ်သည့် သက်တမ်း နှစ်နှစ်ဆယ် ၁၉၉၈ မိုဒယ်ကားများ အပ်နှံပြီး လူစီးစလစ် ထုတ်ပေးသွားမည် ဖြစ်ရာ စတင်အပ်နှံခွင့်ပေးမည့်ရက်ကို ကြေငြာပေးသွားမှာဖြစ်သည်ဟု သိရပါသည်။

"သက်တမ်း နှစ် ၂ဝ ဖြစ်တဲ့ ၁၉၉၈ မိုဒယ်ကားတွေကို ၂ဝ၁၈ မှာ စပြီးအပ်လို့ရပါပြီ။ ဒီကားတွေ အပ်ရင်အရင်လိုဘဲ လူစီး စလစ် ထုတ်ပေးမှာပါ။ "လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အကယ်၍ သက်တမ်း နှစ်နှစ်ဆယ် ပြည့်ပြီးသော်လည်း ယာဉ်သက်တမ်းတိုးပြုလုပ်ရာတွင် Road safety အရ ယာဉ်ကြံခိုင် မှုရှိနေပါက ပိုင်ရှင်သဘောဆန္ဒအတိုင်း လာရောက်မအပ်နှံလည်း ရနိုင်သည်ဟု သိရသည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုအစီအစဉ်အား ၂ဝ၁၁ မှ စတင်လုပ်ဆောင်ခွင့်ပြုနေပြီး ထုတ်လုပ်ခုနှစ်သက်တမ်း နှစ်၂ဝ ပြည့် ပြီး ကားဟောင်းတစ်စီးအပ်နှံမည်ဆိုပါက ပြည်ပမှ အစားထိုးမော်တော်ယာဉ်တင်သွင်းရန်အတွက် ပုံစံ ဃ လူစီးစလစ်ကို ထုတ်ပေးပါသည်။

Author