ကားအရောင်းစင်တာ ၂ဝ ကျော် ပိတ်သိမ်းရန်တင်ပြလျှောက်ထား

0

Full article

စည်းကမ်းသတ်မှတ်ချက်များထုတ်ပြခန်ခဲ့ပြီးသည့်နောက်ပိုင်း ကားအရောင်းစင်တာ ၂ဝ ကျော်သည် ပိတ်သိမ်းရန် တင်ပြလျှောက်ထားမှုများရှိနေတယ်လို့ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသိရပါတယ်။ ကားအရောင်းစင်တာများနှင့် အရောင်းပြခန်းများကို မြေနေရာအကျယ်အဝန်းသတ်မှတ်စည်းကမ်းချက်ကိုက်ညီရမယ်လို့ ကြေငြာထားသည့်အတွက် တချို့ကားအရောင်းစင်တာများက မြေနေရာငှားရမ်းရန် အခက်အခဲဖြစ်နေပြီး ရန်ကုန်ကားပါကင်ရပ်ဆိုင်းထားသောကြောင့် ပိတ်သိမ်းရန်တင်ပြထားတာရှိတယ်လို့သိရပါတယ်။

လက်ရှိတွင် အရောင်းစင်တာ ၁၆ခုအရောင်းပြခန်း ၂ခု ပိတ်သိမ်းရန် တင်ပြထားရာမြေနေရာသတ်မှတ်ချက်ကိုက်ညီမှုမရှိသောအရောင်းစင်တာများကို သက်တမ်းတိုးခွင့်ပိတ်ထားပါတယ်လို့ အထက်ပါဌာနက ညွှန်ကြားရေးမှုးက ပြောပါတယ်။
အခုလက်ရှိ အရောင်းစင်တာ ၂ဝလောက်ပိတ်သိမ်းမယ်ဆိုပြီး တင်ပြထားတာရှိပါတယ်။ တစ်ချို့ကလည်း မြေနေရာငှားရမ်းတာ ဈေးကြီးလို့ တခြားနေရာပြောင်းဖို့လည်းတင်ပြထားတယ်။ အရောင်းပြခန်းနဲ့ ကားအရောင်းစင်တာစည်းကမ်းသတ်မှတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့မရှိသေးပါဘူး ဟု စီးကူးမှ ညွှန်ကြားရေးမှုးကပြောထားပါသည်။ အရောင်းစင်တာများအား စစ်ဆေးရာတွင် ရောင်းချပြီးကားများ၏ ငွေလွှဲလက်ကျန်များရှိနေခြင်း၊ မြေနေရာသတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတာကို အများဆုံးတွေ့ရတယ်လို့သိရပါတယ်။ ခေတ်သစ်

Author