Full article

လိုင်စင်မဲ့ကားများကို တစ်နှစ်ခွဲကျော်အတွင်း လုံးဝပပျောက်သွားအောင် ဆောင်ရွက်မည်ဟု နေပြည်တော်အခြေစိုက် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီးကပြောသည်။လက်ရှိတွင် သိမ်းဆည်းဖမ်းဆီးအရေးယူမည့်အပြင် လက်ဝယ်အပြင် မူလဇာစ်မြစ်အထိ ဖော်ထုတ်အရေးယူမည်ဟု ၄င်းကပြောသည်။

bek-u-500x332

"တစ်နှစ်၊ နှစ်နှစ်အတွင်း ဒါတွေ ပပျောက်သွားမှာပါ"ဟု ၄င်းက ပြော သည်။ လက်ရှိတွင်တရားမဝင်တင်သွင်းလာသည့် မော်တော်ယာဉ်များနှင့် ပတ်သက်၍ နယ်မြေခံရဲ၊ ယာဉ်ထိန်းရဲ၊ က.ည.န စသည့် စုပေါင်းအဖွဲ့တို့က လိုက်လံဖမ်းဆီးမှု ပြုနေရာ လိုင်စင်မဲ့ကားတစ်စီးဖမ်းမိခြင်းအပေါ် လက်ဝယ်တွေ့ရှိသူ၊ တစ်ဆင့်ခံဝယ်ယူလာသူနှင့် တင်သွင်းခဲ့သူတို့အထိ စစ်ဆေးခြင်းဖြင့် ဥပဒေကြောင်းအရ အရေးယူမည်ဟု ၄င်းတပ်ဖွဲ့ရုံးမှ ရဲမှူးကြီးက ဆိုသည်။

"ဒီကားကို ဘယ်သူ့ဆီကဝယ်ခဲ့လည်း၊ ဒီလိုဆက်နွယ်တဲ့သူတွေပါလိုက်ပြီး အရေးယူမှာပါ"ဟု ၄င်းက ဆိုသည်။ လိုင်စင်မဲ့ယာဉ်တစ်စီးဖမ်းမိပါက ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အရေးယူပြီး ယခင်ကလက်ဝယ်တွေ့သူကိုသာ အရေးယူခဲ့သည်။ ယခုတွင် နောက်ဆက်တွဲကိုပါ ထည့်သွင်းအရေးယူတော့မည်ဟု သိရသည်။

"ဥပဒေမှာက အားလုံးတန်းတူပါပဲ၊ ဌာနဆိုင်ရာ တာဝန်ရှိသူကလည်း လိုင်စင်မဲ့ကားစီးလို့မရပါဘူး၊ စီးတာကို စစ်ဆေးမိရင်လည်း တန်းတူပဲထားပြီး အမှုဖွင့် အရေးယူမှာပါ"ဟု ရဲမှူးကြီးက ဆက်ပြောသည်။ဝန်ကြီးဌာနများက ၄င်းတို့၏ ဝန်ထမ်းများအား လိုင်စင်မဲ့ကားများ မစီး ကြရန် ညွှန်ကြားထားသော်လည်း ဝန် ထမ်းအချို့မှာ စီးနင်းမှုအချို့ ရှိနေကြ ခြင်းအပေါ် စိစစ်သွားမည်ဟုလည်း ပူး ပေါင်းအဖွဲ့မှ သိရသည်။

ကလေးနှင့်တမူးတွင် လိုင်စင်မဲ့ကားများကို ဇွန်လဆန်းက ဖမ်းဆီးခဲ့ရာ သုံးရက်အတွင်း ၂၇ စီးဖမ်းမိခဲ့သည်။ ထိုဖြစ်ရပ်အပေါ် လိုင်စင်မဲ့ကားဆိုသည်မှာ ကလေးတွင်သာမဟုတ် ကျန်သည့်နေရာများတွင်လည်း ရှိကြောင်း၊ ကလေးတွင်ဖမ်းသလို ကျန်ဒေသတွင်လည်း ဖမ်းဖို့လိုကြောင်း လိုင်စင်မဲ့ကား ကလေးမြို့သို့ရောက်ရန် မြို့များကို ဖြတ်သန်းခဲ့ရာ ထိုမြို့များကိုရော မည်သို့ဆောင်ရွက်မည်နည်းဟု ကလေးပြည် သူ့လွှတ်တော် ကိုယ်စားလှယ်က မေးခွန်း ထုတ်ခဲ့ဖူးသည်။

က.ည.န က ဖမ်းဆီးကားများ လိုင်စင်မဲ့ဟုတ်၊ မဟုတ် စစ်ဆေးခြင်း၊ ရဲက နယ်မြေခံသတင်းအရ ဖမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ မွန်ပြည် နယ် ချောင်းဆုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက "သိမ်းဆည်း ထောင်ချတာကို ကျွန်တော်ကတော့ လက်မခံပါ ဘူး၊ လက်မခံတဲ့ဘက်ကပါ၊ ဒဏ်တစ်ခုတပ်ပြီး လိုင်စင်လုပ်ပေးပါ၊ ပြီးတော့ မဝင်လာအောင် ကြပ်ကြပ်မတ်မတ်လုပ်ပါ"ဟု ပြောသည်။ မြဝတီနယ်စပ်ဂိတ်တို့မှစကာ ဂိတ်အသီးသီး ကျော်ဖြတ်လာသဖြင့် မည်သည့်တာကကျိုးနေကြောင်း ဖော်ထုတ်မှသာ ပပျောက်မည် ဟု ၎င်းကပြောသည်။ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က လိုင်စင်မဲ့ကားများ မဝင်နိုင်ရန် တရားဝင်တင်သွင်းခွင့်ကို လွယ်ကူစွာ လုပ်ပေးထားပြီး ဖြစ်သည့်အတွက် လိုင်စင်မဲ့ကားများကို လက်ခံမည်မဟုတ်ဟု တရားဝင်ပြောဆိုထားသည်။

Popular Myanmar News Journal မှ ကူးယူဖော်ပြသည်။

Author

Comments