Full article

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် '၁က' ကားများအပ်နှံရန် အစီးရေ ၅,၆ဝဝ ဝန်းကျင်သာ ကျန်ရှိကြောင်း 'နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာန'မှ သိရသည်။![1-Ka](/redline/content/images/2014/04/1-Ka.jpg)

ဧပြီ ၄ ရက်က စတင်အပ်နှံ ခွင့်ပြုခဲ့သော '၁က' အက္ခရာကားများသည် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် အစီးရေ ၇,၉၉၆ စီးရှိရာ ဧပြီ ၂၂ ရက်အထိ အစီး ရေ ၂,၃၅၄ စီး အပ်နှံခဲ့ပြီး ဖြစ်သည်။ ဈေးကွက်အတွင်း စလစ် လိုအပ်ချက် ကြီးမားနေသောကြောင့် '၁က' ကားများ အပ်နှံမှုသည်လည်း နေ့စဉ်အစီးရေ နှစ်ရာကျော် ရှိနေသည်။

'၁က' ကားများ၏ ဈေး ကွက်နှင့် ပတ်သက်၍ ကား ဝယ်/ရောင်းတစ်ဦးက "သင်္ကြန်ကာလ အပြီးမှာ '၁က' ကားတွေက ကျပ် သိန်းတစ်ရာကျော်အထိ ဈေးနှုန်း မြင့်တက် သွားပါတယ်၊ '၁က'အက္ခရာ နဲ့ '၂က' အက္ခရာကြားမှာ ခြောက်လကျော် ကြာမြင့်မှာ ဖြစ်တဲ့အတွက် စလစ်ဈေးက ဆက်ပြီးမြင့်တက်ဖို့ရှိပါတယ်၊ '၂က'အက္ခရာ မခေါ်ခင်မှာ စက်မှုဇုန်ထုတ်ကားတွေကို အပ်နှံခွင့် ပြုခဲ့ရင်တော့ စလစ်ဈေး ပြန်ကျသွားနိုင်ပါတယ်" ဟု ဆိုသည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ကားဟောင်းစလစ်ဈေးကွက် အရ 'လ၊သ၊အ၊၁က' အက္ခရာကားများ၏ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁ဝ၃ သိန်းဝန်းကျင်၊ လေလံကား အမည် ပေါက် စလစ်တစ်စောင်လျှင် ကျပ် သိန်းတစ် ရာ ဝန်းကျင်နှင့် တက္ကစီ စလစ်တစ်စောင်လျှင် ကျပ် ၆၁ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။ '၁က'အက္ခရာများအပြီး အောက်တိုဘာ ၆ ရက်တွင် အပ်နှံခွင့်ပြု မည့် '၂က' အက္ခရာကားများလည်း ကြိုတင်ဝယ်ယူသူများရှိသောကြောင့် ကျပ် သိန်း ကိုးဆယ်ဝန်း ကျင်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

Ref: Automobile

Author