မော်တော်ယာဉ်များ ယာဉ်အိုယာဉ်ဟောင်း အပ်နှံခြင်းစီမံချက်အရ ၂ဝ၁၉ ဇန်နဝါရီ လကစ၍ သက်တမ်းနှစ် ၂ဝ ပြည့်မှီပြီးဖြစ်သည့် ၁၉၉၉ မိုဒယ်ကားများကို ယာဉ်အိုယာဉ်ဟောင်း စတင်အပ်နှံခွင့်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
မော်တော်ယာဉ်များ သက်တမ်းနှစ်နှစ်ဆယ် ပြည့်ပြီးသည့် ကားများကို ယာဉ်အို၊ ယာဉ်ဟောင်း စီမံချက်အား၂ဝ၁၁ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ရာ ယာဉ်ကြံခိုင်မှုအားနည်းပြီး အများပြည်သူလမ်းမများပေါ်တွင် မောင်နှင်ခြင်းမရှိစေရန် ယာဉ်အိုယာဉ်ဟောင်း တစ်စီးအပ်နှံ၍ ပြည်ပနိုင်ငံမှ ယာဉ်အသစ်တစ်စီးအား အစားထိုးတင်သွင်းနိုင်ရန် လူစီးစလစ်ထုတ်ပေးခဲ့ကြောင်း သိရသည်။
" ၁၉၉၉ မိုဒယ်ကားတွေကို သက်တမ်းနှစ်နှစ်ဆယ်ပြည့်တယ်ဆိုရင် ၂ဝ၁၉ ဇန်နဝါရီလလောက်မှာ စပြီးအပ်ခွင့်ပေးသွားမှာပါ။ကားဟောင်းအပ်မယ်ဆိုရင် အရင်လိုပဲ ပုံစံ(ဃ) စလစ်ထုတ်ပေးသွားမှာ။ယာဉ်အိုယာဉ်ဟောင်းအပ်တဲ့စနစ် ဖျက်သိမ်းမယ်ဆိုတာ ဘာမှဆွေးနွေးထားတာမရှိသေးပါဘူး။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်ဟောင်း တစ်စီးအပ်နှံပြီး ကားအသစ်တစ်စီး တင်သွင်းရာတွင် ရပ်ဆိုင်းပိတ်ပင်ထားရှိသည့် ရန်ကုန်လိုင်စင်ကို ရရှိမည်ဖြစ်ရာ ၂ဝ၁၄ မိုဒယ်မှ ၂ဝ၁၈ မိုဒယ်အထိ ဘယ်မောင်းတစ်မျိုးတည်းကိုသာ ပြည်ပကတင်သွင်းခွင့်ပြုထားကြောင်း သိရသည်။
Regulation