ခရီးသည်တင် ၁၉၉၆ မိုဒယ်မှ ၁၉၉၈ မိုဒယ်ထိ ကားများကို လူးစီးစလစ် ခွင့်ပြု ပေးမည်

0

Full article

![width=300](/redline/content/images/2017/07/bbbbb-1-300x223.jpg)

_ Photo Credit_

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်များဖြစ်သည့်၁၉၉၆ မိုဒယ် နဲ့ ၁၉၉၇ မိုဒယ်၊ ၁၉၉၈ မိုဒယ် ကားများကို အပ်နှံခွင့်ပြု၍ လူစီးစလစ်ထုတ် ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကနေသိရပါတယ်။ ယာဉ်ကြံခိုင်မှူမရှိတော့သည့် ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ကားများကို ကားဟောင်း အပ်နှံမည်ဆိုလျှင် လူစီးစလစ်ထုတ်ပေးနေသလို ထပ်မံ၍ ၁၉၉၆ မိုဒယ်ကနေ ၁၉၉၈ မိုဒယ်ကားများကို အပ်နှံပြီး လူးစီးစလစ် ခွင့်ပြုပေးရန် ပြည်တောင်စုအစိုးရအဖွဲ့တင်ပြထားရှိတယ်လို့ သိရပြီး မကြာခင် အပ်နှံရန်ခွင့် ကျတော့မည်ဖြစ်တယ်လို့ သိရသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ ကိုတင်ပြထားပါတယ်။ ၁၉၉၆ မိုဒယ် နဲ့၁၉၉၈ မိုဒယ် အထိ ကားတွေကို မကြာခင်အပ်နှံခွင့်ပေးမှာပါ။ ကားဟောင်းတွေကို အပ်ပြီး ကားသစ်တွေ အစားထိုးမှာဖြစ်ပါတယ်။ ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ ယခု ၂ဝ ရက်နောက်ပိုင်းတွင်လည်း အပ်နှံခွင့်ကျပပြီးသား ၁၉၉၅ မိုဒယ်အောက်ကားများ နောက်ဆုံးအပ်နှံခွင့်ပေးမှာဖြစ်ရာ လာရောက်မအပ်နှံသည့် ကားများကို ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲခွင့် မရှိတော့ကြောင်း သိရပါတယ်။ ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်တွင် ယာဉ်ကြံခိုင်မှူမရှိတဲ့ ခရီးသည်တင်ကားများနဲ့ မီနီဘတ်စ် ကားများကို လည်း ပြေးဆွဲခွင့်မပြုတော့ဘဲ ကားအသစ်များဖြင့် အစားထိုးပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရသည်။

ခေတ်သစ်

Author