၁၉၉၆ မိုဒယ်နှင့် ၁၉၉၇ မိုဒယ် ခရီးသည်တင်ယာဉ်များ အပ်နှံပါက လူစီးစလစ်ထုတ်ပေးရန် ပြည်တောင်စုအစိုးရအဖွဲ့တင်ပြထားကြောင်း လမ်းပန်းဝန်ကြီးပြော

0

Full article

![width=300](/redline/content/images/2017/06/afawef-300x226.jpg)

Photo Credit

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၁၉၉၆ မိုဒယ်နှင့် ၁၉၉၇ မိုဒယ် ခရီးသည်တင်ယာဉ်များ အပ်နှံပါက လူစီးစလစ်ထုတ်ပေးရန် ပြည်တောင်စုအစိုးရအဖွဲ့တင်ပြထားရှိကြောင်း ခရီးသည်တင်ယာဉ်များ တာဝန်ခံများနှင့် တွေ့ဆုံရာတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားခဲ့သည်။ ယာဉ်လိုင်းကလူတွေက အစည်းအဝေးမှာ တင်ပြကြတယ်။ ၁၉၉၆မိုဒယ်နဲ့ ၁၉၉၇ မိုဒယ်တွေကိုအပ်နှံခွင့်ပေးဖို့။ ဝန်ကြီးက ပြည်ထောင်စုအစိုးရအဖွဲ့မှာ တင်ပြထားတယလို့ ပြောပါတယ်။ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်ဝူသယ်ယူပို့ဆောင်ရေး အစည်းအဝေး တက်ရေညက်ခဲ့သူ ယာဉ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ မှ ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနသို့ ၁၉၉၅ မိုဒယ်အောက် CNG ကားများဖြစ်သော စီးတီးဘတ်စ် ၊ ဘီအမ် ၊ ဒိုင်နာ ကားအစီးရေ ၃ဝ၂၆ စီးကို အပ်နှံ၍ လူစီးစလစ်ထုတ်ယူနိုင်ရန် တင်ပြထားရာ အစီး ၂၈ဝ၁ စီး မှာ အပ်နှံခွင့်ပြုမိန့်ကျပြီး လာရောက်အပ်နှံပြီးဖြစ်သည့် ကားအစီးရေ ၁၇၇၂ စီး ရှိရာ အစီးရေ ၁ဝဝဝ ကျော်အပ်နှံခွင့်ကျန်ရှိနေသေးကြောင်း သိရပါတယ်။

ခေတ်သစ်

Author