၁၉၉၆ ၊ ၁၉၉၇ မိုဒယ် ခရီးသည်တင်ကားများ စက်တက်ဘာလတွင် အပ်နှံခွင့်ကျမည်

0

Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲလျှက်ရှိသော ခရီးသည်တင်ယာဉ်များဖြစ်သည့် ၁၉၉၆ မိုဒယ် ၊၁၉၉၇ မိုဒယ် ခရီးသည်တင်ယာဉ်များ စက်တင်ဘာလ တွင်အပ်နှံခွင့် ကျမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ က သိရပါသည်။ YBS ခရီးသည်တင် အိုဟောင်းကားများ အပ်နှံပါက အထူးစီမံချက်ဖြင့် လူစီးစလစ်ထုတ်ပေးရန် ပြည်တောင်စုအစိုးရအဖွဲ့တင်ပြထားရှိတယ်လို့ ခရီးသည်တင်ယာဉ်လိုင်းများရှိ တာဝန်ခံများနှင့် တွေ့ဆုံရာတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားထားရှိသည်။

"ခရီးသည်တင် ၁၉၉၆ မိုဒယ် ၊ ၁၉၉၇ မိုဒယ် ကားတွေကို မကြာခင်အပ်နှံခွင့်ပေးမှာပါ။ စက်တင်ဘာလလောက်မှာ အပ်နှံခွင့်ကျဖို့ရှိတယ်။ အဲ့ဒီ ကားဟာင်းတွေနေရာမှာ ကားသစ်တွေ အစားထိုးလုပ်ဆောင်သွားမယ် "လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ ရန်ကုန်မြို့ တွင်း ခရီးသည်တင် ကားဟောင်းများကို အပ်နှံ၍ ယာဉ်သစ်များဖြင့် အစားထိုး ပြေးဆွဲသွားမည်ဖြစ်ရာ ခရီးသည်တင်ညာမောင်းကားများအား မိန်းလမ်းမကြီးများတွင် ပြေးဆွဲခွင့်ကန့်သတ်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုလက်ရှိတွင် ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ် YBS ကားသစ်များကို အစားထိုးပြေးဆွဲနေတဲ့ အစီးရေ ၄ဝဝ နီးပါးရှိပြီး ကားဟောင်း များအပ်နှံမှသာ ထပ်မံ၍ အစားထိုး ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရသည်။

ခေတ်သစ်

Author