၁၉၉၆ မိုဒယ် ၁၉၉၇ မိုဒယ် ၁၉၉၈ မိုဒယ် YBS ကားများ အပ်နှံရန် ယခုလ ၂ဝ ရက် နောက်ဆုံးထား စာရင်း တင်ပြရမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသည့် ခရီးသည်တင် ၁၉၉၆၊၁၉၉၇၊၁၉၉၈ မိုဒယ် နိမ့် YBS အိုဟာင်းကားများ အပ်နှံရန် ယခုလ ၂ဝ ရက်နောက်ဆုံးထား၍ YRTA သို့စာရင်းတင်ပြရမှာ ဖြစ်သည်ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင် အဖွဲ့ထံကနေ သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များဖြစ်သည့် ၁၉၉၆ ၊၁၉၉၇ နှင့် ၁၉၉၈ မိုဒယ်ကားများသည် ယာဉ်ကြံခိုင်မှုအားနည်းပြီး ယာဉ်အိုယာဉ်ဟောင်း အဖြစ်အပ်နှံ၍ လူစီးစလစ်ထုတ်ပေးရန် အတွက် ယာဉ်ပိုင်ရှင်များအား ယာဉ်အမျိူးအစားများနှင့် သတ်မှတ်စာရွက်စာတမ်းများယူဆောင်လာ၍ ယခု နိုဝင်ဘာလ ၂ဝ ရက် နောက်ဆုံးထား လာရောက်တင်ပြရမှာဖြစ်ကြောင်း သိရပါသည်။

"၁၉၉၆၊ ၉၇၊ ၉၈ မိုဒယ်ကားတွေကို အပ်နှံမယ်ဆိုရင် ဒီလ ၂ဝ ရက် နောက်ဆုံးထားပြီးလာတင်ပြရမယ်။ အဲ့ဒီနောက်ပိုင်းဆို လက်မခံတော့ပါဘူး။ ဒီလထဲမှာ အပ်ခွင့်ပေးသွားမှာပါ။"လို့ အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အပ်နှံရန်ရှိသော အဆိုပါ မော်ဒယ်နိမ့် စာရင်းရှိကားများမှာ အစီးရေ၄ဝဝ ခန့်ရှိသော် လည်း YRTA သို့လာရောက်စာရင်းပေးပို့တင်ပြထားသောကားအစီးရေ ၃ဝဝ ခန့်သာ ရှိ ကြောင်း သိရသည်။

Author