၁၉၉၅ မိုဒယ်အောက် ခရီးသည် ယာဉ်များဖြစ်သော စီးတီးဘတ် ဘီအမ် ဒိုင်နာယာဉ်များကို ၃ လအထိ ဆက်လက်ပြေးဆွဲခွင့်ပြုမည်

0

Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၁၉၉၅ မိုဒယ်အောက်ခရီးသည်တင်ယာဉ်များဖြစ်သော စီတီးဘတ်၊ဘီအမ်၊ဒိုင်နာယာဉ်များကို ၃ လအထိ ဆက်လက်ပြေးဆွဲခွင့်ပြုသွားမှာဖြစ်တယ်လို့ ဒီဇင်ဘာ ၁၁ ရက်တွင်ပြုလုပ်သည့် မော်တော်ယာဉ်ပိုင်ရှင်များနှင့် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလျှပ်စက်မှူနှင့်လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောခဲ့သည်။

ရန်ကုန်မြို့တွင်ပြေးဆွဲနေသော ခရီးသည်တင်ကားများကို အများပိုင်ယာဉ်လိုင်းစနစ်ပြောင်းလဲလုပ်ဆောင်ပါက ပါဝင်ပြေးဆွဲခွင့်ပြုမည်မဟုတ်သော်လည်း စနစ်သစ်ကြောင့် ယာဉ်ပိုင်ရှင်များ ယာဉ်လုပ်သားများအခက်အခဲမရှိစေရန် ဆက်လက်ပြေးဆွဲခွင့်ပြုပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

၁၉၉၅ မိုဒယ်အောက်ကားများဖြစ်သော စီးတီးဘတ်၊ဘီအမ်၊ဒိုင်နာယာဉ်များကို အပ်နှံခွင့်ပြုနေပြီး လူစီးစလစ်ထုတ်ပေးနေလျှက်ရှိကြောင်းသိရပါတယ်။

အဆိုပါ ခရီးသည်တင်ယာဉ်များကို ၃ လအထိပြေးဆွဲခွင့်ပြုရာတွင် သတ်မှတ်ထားသောလမ်းကြောင်းများတွင်သာ ပြေးဆွဲသွားလာရမှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author