၁၉၉၅ မော်ဒယ်အောက်ခရီးသည်တင်ယာဉ်အားလုံးကို ဧပြီလမှစ၍ အပ်နှံခွင့် အပြီးပြုလုပ်သွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျှက်ရှိသော ၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင်ယာဉ်များကို ဧပြီလမှစ၍ အပ်နှံခွင့်အား အပြီးသတ်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရပါတယ်။လက်ရှိတွင် ၁၉၉၅ မိုဒယ်အောက်ကားများ ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လူးစီးစလစ်ထုတ်ပေးရာ ကားအစီးရေ ၃၃ဝ ကျော် အပ်နှံပြီးဖြစ်တယ်လို့သိရပါတယ်။

၁၉၉၅ မော်ဒယ်အောက်ခရီးသည်တင်ယာဉ်များဖြစ်သော ကားအစီးရေ ၁၅ဝဝ ကျော်ကျန်ရှိနေသေးရာ ဧပြီလတွင် ကားအားလုံးကို အပ်နှံခွင့်ချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ထိုကားများအားလုံး အပ်နှံပြီးပါက လူစီးစလစ်ထုတ်ပေးမှူများပြားလာမည်ဖြစ်ပီး စလစ်လိုအပ်ချက်မြင့်တက်နေသော်ကြောင့် စလစ်ဈေး သိသာစွာကျဆင်းလာမည်မဟုတ်ကြောင်း စလစ်အရောင်းအဝယ်ပြုလုပ်သူများကပြောကြားသည်။

ခေတ်သစ်

Photo Credit

Author