၁၉၉၅ မော်ဒယ်အထက် ခရီးသည်တင်ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့မှ ဝယ်ယူမည်

0

Full article


ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသော ၁၉၉၅ မေယ်ဒယ်အထက် ခရီးသည်တင်ယာဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူသွားမှာဖြစ်တယ်လို့ အများပြည်သူသယ်ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကသိရပါတယ်။ထိုကားများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝယ်ယူရခြင်းမှာ တစ်ဦးတည်းယာဉ်ပိုင်ရှင်စနစ်ပျောက်ကွယ်စေရန် လုပ်ဆောင်တာဖြစ်ပြီး အများပိုင်ကုမ္ပဏီများကို ပြန်လည်ချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

တစ်ဦးတည်းယာဉ်ပိုင်ရှင်စနစ်မှာ ယာဉ်လုပ်သားများ၏စည်းကမ်းထိန်းသိမ်းမှူအပိုင်းများ ကိုင်တွယ်ရန်ခက်ခဲနေသဖြင့် ကုမ္ပဏီများကို ပြန်လည်ချပေးပြီး စည်းကမ်းပိုင်းများနှင့် ယာဉ်ပြင်ဆင်မှူအပိုင်းများတာဝန်ယူစေခြင်းကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ထို ၁၉၉၅ မော်ဒယ်အထက်ကားများကို ဝယ်ယူရန် ကော်မတီတစ်ရပ်ဖွဲ့စည်းထားရှိပြီး ယင်းကားများအား သက်တမ်းနှစ်နှစ်ဆယ်ပြည့်ပါ ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံရန်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author