Full article

ပြည်ပမှ လုပ်ငန်းသုံးယာဉ် Truck များ တင်သွင်းရာတွင် ၁၅ တန်နှင့် အထက် ဖြစ်ပါက တစ်တန်တိုးလျှင် CIF တန်ဖိုး ဒေါ်လာ ငါးရာ ထည့်ပေါင်းပြီး ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။![Iveco-Truck-Car-Drag-Car-Truck-485x728-500x333](/redline/content/images/2014/01/Iveco-Truck-Car-Drag-Car-Truck-485x728-500x333.jpg)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Truck များ တင်သွင်းမှုအတွက် သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ရာတွင်

  • Truck ယာဉ်များ၏ တန်ချိန်အလိုက် တန်ဖိုး သတ်မှတ်မှုအား Capacity Weight အရ တန်ဖိုးသတ်မှတ်ခြင်း ဖြစ်၍လိုင်စင် လျှောက်ထားပါက Capacity Weight ဖော်ပြလျှောက်ထားရမည်။
  • တစ် တန်အာက် Mini Truck (1350CC) နှင့် အောက်ယာဉ်များအား ၂ဝဝဝ မော်ဒယ်မှ ၂ဝ၁၂ မော်ဒယ်အထိ တန်ဖိုး အမေရိကန်ဒေါ်လာ ငါးထောင်ဖြင့် လျှောက်ထားနိုင်ပြီး ၂ဝ၁၃ နှင့် ၂ဝ၁၄ မော်ဒယ်ဖြင့် လျှောက်ထားမည် ဆိုပါက လက်ရှိပေါက်ဈေးအတိုင်း လျှောက်ထားရမည်ဖြစ်သည်။
  • 15 Tons နှင့်အထက် Truck များ လျှောက်ထားပါက တစ်တန်တိုးလျှင် အမေရိကန်ဒေါ်လာ ငါးရာ ထည့်ပေါင်း ခွင့်ပြုပေးမည်။
  • တန် ငါးဆယ်အထက် ကျော်လွန်သော Truck များ လျှောက်ထားပါက OSS သို့ တင်ပြပြီး ဈေးနှုန်းအတည်ပြုသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Ref: Automobile

Author