ပိတ်သိမ်းရန် တင်ပြထားသည့်ကားအရောင်းစင်တာ ၁၅ ခုရှိပြီး အသစ်လျှောက်ထားလာသည့်အရောင်းစင်တာ ၂ ခုသာရှိ

0

Full article

![](/redline/content/images/2017/05/gege-5-300x120.jpg)

ပိတ်သိမ်းရန် တင်ပြထားသည့် ကားအရောင်းစင်တာ ၁၅ ခုရှိရာ အသစ်လျှောက်ထားသည့် အရောင်းစင်တာ ၂ ခုသာရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။ ကားမူဝါဒအပြောင်းအလဲများနှင့် ကန့်သတ်ထားသော ပေါ်လစီများ ရန်ကုန်လိုင်စင်ရပ်ဆိုင်းထားမှုများကြောင့် ကားအရောင်းစင်တာဖွင့်လှစ်လုပ်ကိုင်သူများမှာ ရေရှည်ရပ်တည်ရန်ခက်ခဲမှူများလာပြီး အရောင်းစင်တာ အချို့မှာ ပိတ်သိမ်းသည့်အထိ ဖြစ်ပေါ်လာကြောင်း သိရသည်။ မူဝါဒတွေလည်း မတည်ငြိမ်သလို ရန်ကုန်လိုင်စင်ဆိုတာကလည်း ဘယ်ဆီနေမှန်းမသိဘူး။ ကန့်သတ်ချက်တွေက တစ်ခုခုပြီးတစ်ခုထွက်နေတာ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေအားလုံး အဆင်မပြေလာတော့ အရှုံးတွေပေါ်လာတယ်။ ကြာကြာရပ်တည်ဖို့မလွယ်တော့ဘူးလေ။ အလုပ်သမား စရိတ် အရောင်းစင်တာ စရိတ်တွေနဲ့ အခြားစရိတ်တွေကလည်း ရှိနေသေးတော့ ရေရှည် ရပ်တည်ဖို့ ခက်လာကြတယ်။ အရောင်းစင်တာတွေက ရန်ကုန်လိုင်စင်အားကိုးရောင်းနေရတာ။ ဘယ်အချိန်ပြန်ပေးမယ်ဆိုတာလည်း တိတိကျကျထုတ်ပြန်ပေးသင့်တယ်။ လို့ အရောင်းစင်တာပြန်လည် ပိတ်သိမ်းထားရှိသူ တစ်ဦးက ပြောပါတယ်။

ကားအရောင်းစင်တာ တစ်ခုဖွင့်လှစ်မည်ဆိုပါက Deposit အဖြစ် မြန်မာကျပ်ငွေ သိန်း ၁၅ဝဝ ဘဏ်စာရင်း ပေးသွင်းထားရမှာဖြစ်ရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဖွဲ့ ခွင့်ပြုမိန့်စာရင်း၊သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့၏ လုပ်ငန်းလိုင်စင်မူရင်းမိတ္တူ ၊ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်နှင့် သတ်မှတ်ထားသော မြေနေရာအကျယ်အဝန်းများရှိရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ခေတ်သစ်

Photo Credit

Author